Thursday, June 23, 2011
Monday, April 25, 2011
ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး
ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် ကိုယ်တိုင် ဦးဆောင်၍ ကျိုက်ဒုံမြို့၏ တောင် ဘက်မနီးမဝေးရှိ မိတန်ကျေးရွာနှင့် မိနန်းအပ်ကျေးရွာကြားတွင် လှုပ်ရှားနေသော စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၅)၊ နည်းဗျူဟာ (၁)လက်အောက်ခံ ခမရ (၅၄၃) တပ်ရင်းကို ၁၂နာရီကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက“မနေ့က ဒီကေဘီအေ တပ်ရင်း ၉၀၈၊ ၉၀၂၊ ၉၀၁အဖွဲ့တွေ ပူးပေါင်းပြီးတော့ စကခ (၅)လက် အောက်ခံ နည်းဗျူဟာ (၁) ခမရ ၅၄၃က စစ်ကြောင်း (၂)လှုပ်ရှားတပ်ဖွဲ့ကို ၀င်တိုက်တယ်။ နအဖဘက် က ၁၉သေ၊ ၁၇ဦး ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ မနက် ၆နာရီမှ ညနေ ၆နာရီအထိ။”ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ်ဘက်က သေဆုံးသူများထဲတွင် စစ်ကြောင်း ၂မှူးအပါအ၀င် ဒုဗိုလ် တစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ် ၂ဦးပါဝင်ခဲ့သလို ဒဏ်ရာရသည့် (၁၇)ဦး အနက်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးပါရှိခဲ့သည်ဟု ဒီကေဘီအေ သတင်းရပ် ကွက်အရ သိရသည်။
ထိုကဲ့သို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားမှုကြောင့် ကျိုက်ဒုံမှ ပိုင်ခလန်ကားလမ်းကိုလည်း အစိုးရစစ်တပ် ဘက်မှ ပိတ်ပစ်လိုက်သလို ကားနှင့်ဆိုင်ကယ်အစီးများစွာကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အ မည် မဖော်လိုသည့် မိတန်ရွာသားတဦးက ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တာ ၂ရက်ရှိပြီး မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ ပိုင်ခလန်ဘက်ကို သွားမယ့် လမ်းဖားရွာ သားတဦး ထိမှန်သေဆုံးသွားတယ်။ အခု ဗမာစစ်တပ်က လမ်းပိတ်ပစ်လိုက်တယ်။ ဘယ်သူမှ သွားလာ လို့မရဘူး။ ကားတွေ၊ ဆိုင်ကယ်တွေလည်း ဖမ်းထားတယ်။ ရွာသားတွေဟာ ကြောက်လန့်ပြီးတော့ ဘယ် မှ မသွားရဲကြတော့ဘူး။ ”ဟု ပြောသည်။
ထို့အပြင် ဒီကေဘီအေတပ်များသည် မိတန်ကျေးရွာအတွင်း ၀င်ရောက်တပ် စွဲထားပြီး အမြောက်လက် နက်ကြီးများ ထောင်ထားသောကြောင့် ရှေ့ဆက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေ တွင်ရှိသည်ဟု မိတန်ရွာသားများက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက် (သောကြာနေ့)တွင်လည်း တပ်အင်အား ၂၀ဦးပါ ဗိုလ်ချစ်သဲ ဦးစီး သည့် ဒီကေဘီအေတပ်ဖွဲ့သည် အဆိုပါ အစိုးရ စစ်ကြောင်းအား မိတန်ချောင်းဝကျေးရွာထဲတွင် သွား ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိခိုက်မှုမရှိကြောင်း သိရသည်။
ဒီကေဘီအေတပ်မဟာ(၅)တပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် နိုဝင်ဘာလက စစ်အစိုးရ ကျင်းပပြုလုပ် သည့် ရွေးကောက်ပွဲကို ဆန့်ကျင့်သည့်အနေဖြင့် အစိုးရစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
Thursday, March 31, 2011
သမ္မတသိန်းစိန်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက် (ပိတောက်မြေဘလောဂ်မှကူးယူပြီး အခမဲ့ ဘာသာပြန်ဖော်ပြလိုက်ပါသည်။)
သမ္မတသိန်းစိန်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်
မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ် သမ္မတ၀ါး သမ္မတဘိလပ်မြေ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် နိုင်ငံတော် အုပ်ချုပ်ရေးကို လွှဲပြောင်း ရယူခဲ့တဲ့ သမ္မတသစ် သမ္မတ၀ါး သမ္မတဘိလပ်မြေ ဦးသိန်းစိန်ဟာ သူ့အစိုးရ အဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ့် မူဝါဒများကို ပြည်ထောင်စု လွှတ်တော်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက အရေးကြီးတဲ့ အချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး
သမ္မတက မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်ပေမယ့် တိုင်းပြည် အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်လုပ်ခဲ့သလို ကြိုတင်မဲတွေနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို ပြောင်ပြောင်တင်းတင်း ရယူကြဖို့ တိုက်တွန်းသွားပါတယ်။
ကာကွယ်ရေး
နိုင်ငံ ကာကွယ်ရေးကို ပေါ့ပေါ့ သဘောထားရင် ခေတ်သစ် ကျွန်ပြုတာ ခံရလိမ့်မယ်လို့ သတိပေးခဲ့ပြီး လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် တရုတ် ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် ကိုရီးယားဖြစ်ဖြစ် ရုရှဖြစ်ဖြစ် ၄င်းတို့ထံမှာ အောက်ကျို့ တပည့်ခံပြီး တည်ဆောက်မယ်၊ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် လူတိုင်းစစ်ထဲဝင်ရမယ်လို့ ပြောသွားပါတယ်။
စီးပွားရေး
စီးပွားရေးမှာ ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးမယ်၊ ဈေးကွက်စီးပွားရေးက ရလာတဲ့ အကျိုးစီးပွားများကို စစ်ဗိုလ်ချုပ်တွေက ရသမျှ အကုန်အိတ်ထဲထည့်မယ်။ လက်ဝါးကြီးအုပ် စနစ် မဖြစ်အောင် အစိုးရက အကုန်လုံးကို လက်ဝါးကြီးအုပ်ထားပေးမယ်။ တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်ပေးမယ်၊ ထိန်းချုပ်မှုတွေလုပ်မယ်၊ ကန့်သတ်မှုတွေလုပ်မယ် လို့ပြောသွားပါတယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး အတွင် ဆင်းရဲသားတွေကို စစ်ထဲပို့ပြီး အပြတ်ရှင်းပေးမယ်။ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး မြို့သစ်တွေများများဆောက်မယ် လူတွေကို မီးမရှိ၊ရေမလာ၊အိမ်သာပိုက်လိုင်းမရှိ၊ အမှိုက်သိမ်းစနစ်မရှိတဲ့ မြို့သစ်တွေကို ပို့ပေးမယ်။ သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့ ကတိပေး သွားပါတယ်။
တောင်သူလယ်သမား
တောင်သူ လယ်သမား များရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေများကို ခေတ်မီ ပြည့်စုံအောင် ပြဋ္ဌာန်းမယ်၊ လယ်ယာထွက်ကုန်များ ဈေးနှိမ်ပြီး အစိုးရက ၀ယ်ပေးမယ်။ စစ်တပ်က အဓမ္မသိမ်းပေးမယ်။ လယ်ယာထွက်ကုန် အရည်အသွေး မြင့်မားဖို့ လယ်တွေကို ကုန်းမြင့်မြင့် တောင်တန်းဒေသတွေမှာ ဖော်ထုတ် ဆောင်ရွက် သွားမယ်လို့ ကတိပေးသွားပါတယ်။
အလုပ်သမား
အလုပ်သမားနဲ့ လက်လုပ် လက်စားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ပေးတဲ့အနေနဲ့ တပြည်လုံး လုပ်အားပေး၊ ပေါ်တာ၊ ခေါ်ယူပေးမှာဖြစ်ပြီး။ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်ဈေးနှုန်းမတက်အောင် ကုန်ဈေးနှုန်းကို ခဲဆွဲပေးထားမှာဖြစ်ပြီး လုပ်ငန်းခွင် သက်သာ ချောင်ချိရေးအတွက် ပိန်ပိန်ပါးပါးလူများကိုသာ အလုပ်ဦးစားပေးခေါ်ယူသွားမှာဖြစ်ကြောင်း၊ လူမှုဖူလုံရေး ခံစားခွင့် ရရှိရေးအတွက် စစ်ထဲများများဝင်ကြရန်နှင့် အနိမ့်ဆုံး လစာ သတ်မှတ်ချက်တွေကို ဗိုလ်ချုပ်ကြီးများအတွက် ဆယ်ဆ တိုးပေးပြီး လက်ရှိ လူနေမှုစရိတ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးမှာဖြစ်ကြောင်း။ ပြည်ပရောက် အလုပ်သမားများရဲ့ အခွင့်အရေး ကိုလည်း ကာကွယ် ပေးတဲ့အနေနဲ့ ဆိုင်ရာသံရုံးတွေကနေတဆင့် အခွန်အခများတိုးမြှင့်ကောက်ခံပေးသွားမှာဖြစ်ကြောင်း ကတိပေးသွားပါတယ်။
ပညာရေး
ဖွင့်လှစ်ပြီး တက္ကသိုလ်များ၊ ကျောင်းများရဲ့ အရည်အသွေး မြင့်မားရေးအတွက် ထုံးတွေကို အချိန်မှီ သုတ်ပေးသွားမှာဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်း ပြည့်စုံရေး အတွက် ကျောင်းသားမိဘများထံမှ အခွန်အခများကောက်ခံသွားမှာဖြစ်ကြောင်း၊ ပညာရေး ၀န်ထမ်း များရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘ၀ မြင့်မားရေးအတွက် အချိန်ပိုင်းကျူရှင်များဖွင့်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းနေမှုနှုန်း မြင့်မားရေး အတွက် ကျောင်းလခ အဆောင်လခတို့ကို တို့မြှင့်ကောက်ခံ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများ၊ ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များထံမှာ လက်ဖြန့်တောင်းပြီး ရသမျှ အိတ်ထဲထည့်သွားမှာဖြစ်ကြောင်း၊ ပြည်တွင်းမှာ ပညာသင် ထောက်ပံ့ကြေးစနစ် အကောင်အထည်ဖော်မှာဖြစ်ပြီး ပညာသင်ကြားနေသူများအား သက်ဆိုင်ရာ မိဘဆွေမျိုးသားချင်းများက လွပ်လပ်စွာ ထောက်ပံ့ခွင့်တွေရရှိလာမှာဖြစ်ကြောင်း၊ ပြည်ပမှာ ပညာတော်သင်ဆုများ ရရှိရေးအတွက် ရုရှရောက် စစ်သားပညာတော်သင်များ အင်တာနက်မှာ ဖွန်ကြောင်ချိန် လျှော့ချသွားရမှာဖြစ်ကြောင်း၊ ငွေကြေးပစ္စည်းပြည့်စုံဖို့အတွက် ပညာသင်ရင်း တဖက်တလမ်းက ၀င်ငွေရအောင် ယောက်ျားပိုင်းလုံး မိန်းမပိုင်းလုံးများသဖွယ် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကျန်းမာရေး
ဆေးရုံများနဲ့ ကျန်းမာရေး ၀န်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်သွားမှာဖြစ်ကြောင်း၊ ကိုယ်ထူကိုယ် ထ လူမမာက ကုန်ကျခံတဲ့ ကျန်းမာရေးစနစ်၊ ပတ်တီး ဂွမ်း ဆေးဝါးကအစ ဆေးရုံတင်လူနာ ကုတင်ခ အဆုံး လူနာရှင်ဖက်က ကုန်ကျခံရမယ့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းမှာဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍမှာ လိုပဲ နိုင်ငံတကာ၊ ပြည်တွင်း အဖွဲ့အစည်း များထံမှ လက်ဖြန့်တောင်းပြီး ရသမျှ ပူးပေါင်း စားသောက်သွားမှာဖြစ်ကြောင်း၊၊ ရောဂါသုံးမျိုးနဲ့ ပတ်သက်ပြီး (လိပ်ခေါင်း၊ ဗရင်ဂျီနာ၊ ဒူလာ) နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေး သွားပါတယ်။
လူ့အခွင့်အရေး
နိုင်ငံသားများရဲ့ မူလ အခွင့်အရေး (လူ့အခွင့်အရေး) တွေကို အခြေခံ ဥပဒေနဲ့အညီ ကျင့်သုံး နိုင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း၊ လူ့အခွင့်အရေးအပြင် ၀ အခွင့်အရေးကိုလည်း နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၀ တွေ လက်နက်ကိုင်ခွင့် ရထားပြီဖြစ် ကြောင်း၊ ၀ နယ်မြေတွေမှာ ၀တွေ လုပ်ချင်တာလုပ်ခွင့်ရပြီဖြစ်ကြောင်း နိုင်ငံတော်အစိုးရကလည်း ၀ ဆို လူ့ ထက် ပိုပြီးဂရုစိုက်လျက်ရှိကြောင်း၊ တည်ဆဲ ဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေသစ် ရေးဆွဲခြင်း များကို လုပ်ချင်တဲ့အချိန် ထ လုပ်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ုချက်ညီညီ ထိန်းနိုင်မယ့် မူဝါဒ တစ်ရပ် ချမှတ်သွားမှာဖြစ်ကြောင်း၊ သစ်တော ထိန်းသလို သစ်မှန်သမျှ အစိုးရက ခုတ်ပြီး တရုတ်ပြည်သို့ ရောင်းစားမှာဖြစ်ကြောင်း လေထု၊ ရေထု ညစ်ညမ်းမှုမဖြစ်ရအောင် လျက်ဆား ထုတ်လုပ်သူများ လျက်ဆားရောင်းချသူများအား ပြင်းပြင်းထန်ထန် ထိမ်းချုပ်သွားမှာဖြစ်ကြောင်း။ စက်ရုံသုံး စွန့်ပစ်ပစ္စည်းများအဖြစ် စက်ပစ္စည်းအသစ်များအား စာရင်းပြ ထုတ်ရောင်းသွားမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို ပြန်လည် သုံးသပ်ပြီး လမ်းလျောက်ရင်းကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အီးမပေါက်ရ စသဖြင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဥပေဒများ ပြဌာန်းသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ပိတောက်မြေဘလောဂ်မှကူးယူပြီး အခမဲ့ ဘာသာပြန်ဖော်ပြပါသည်။
ဘာသာပြန်သူ - သားဆွေ
Tuesday, March 29, 2011
စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း
ယခင် အင်္ဂလိပ်လိုရေးသားဖြန့် ဝေထားသောpetition ကိုအမေရိကန်နိုင် ငံမှသာလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ထို့ ကြောင့်နိုင်ငံတကာမှပါဝင်လက်မှတ်ရေးထိုးနိုင်ရန် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်ထပ်မံဖြန့် ဝေလိုက်ပါသည်။ယခင်petition တွင်လက်မှတ်ရေးထိုးပေးခဲ့ကြသူများအနေနှင့်လည်းယခု petition တွင်ထပ်မံရ်ျ လက်မှတ်ရေးထိုးပေးကြပါရန်မေတ္တာရပ် ခံ အပ်ပါသည်။
Dear All,
See the attach files and sign the petition. Our previous petition reached 700 signatures within 3 days but we got a complaint from friends who cannot sign it from other countries and who cannot read English. So we decided to write into Burmese and together with an English version. Please sign the petition again if you already signed it. I apologize for the mess. Below is the link to go and sign the petition.
http://www.PetitionOnline.com/99hag99/
မျိုးချစ်မြန်မာများခင်ဗျား
မြန်မာပြည်တွင် တိုင်းပြည်၏ သယံဇာတပစ္စည်းများကိုမိမိတို့ ကိုယ်ကျိုးအတွက် ရောင်းချဖြုန်းတီး ဂုတ်သွေးစုတ်နေသော စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူလူထုကြီးတရပ်လုံး ကိုလူမှုဒုက္ခဆင်းရဲတွင်းသို့ နက်ရှိုင်းစွာပို့ ဆောင်ပေးနေသည့်အဓိကအကြောင်းတရားကြီးဖြစ်သည် ထိုစနစ်ဆိုးကြီးသည် မြန်မာနိုင်ငံတွင်ခိုင်မာစွာအမြစ်တွယ်လျှက်ရှိပြီး မြန်မာပြည်သူတို့ ၏ အသက် သွေးချွေးတို့ ကို မြိန်ယှက်စွာစတေးရ်ျ စစ်အာဏာရှင်တို့ ၏ တကိုယ်ကောင်းဝါဒ ကိုသာတဖက် သတ် အားပေးကူညီလျှက်ရှိခဲ့ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတပစ္စည်းများလုံးပါးပါးသွားရမည့်အခြေအနေသို့ ကျရောက်သွားမည့် အန္တရယ်ရှိသလို တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းကို ဦးဆောင်ဦးရွက်ပြုမည့် တန်ဖိုးရှိသည့်လူသားအရင်း အမြစ်များဖြစ်သည့် ပညာတတ် လူငယ်များကမ္ဘာ့ အဆင့်မီ ထွန်းကားလာရေးကိုလည်း မတရား ဥပဒေများဖြင့် အင်တာနက်သုံးစွဲမှုများကိုပိတ်ပင်တားဆီးလျှက်ရှိသလို အရပ်သားပညာရေး ဘတ် ဂျက်ကို နည်းပါးစွာသတ်မှတ်ထားခဲ့ပြီးစစ်အသုံးစရိတ်များကိုသာတိုင်းပြည်ဝင်ငွေ၏ လေးပုံတပုံကို မိုက်ရိုင်းစွာလျာထားသတ်မှတ်ထားခဲ့သည်။ ပြည်သူလူထုဘ၀တိုးတက်ရေးကိုမကြည့်ဘဲ မိမိတို့  အာဏာတည်မြဲရေးကိုသာစောင်းပေးရ်ျပြုလုပ်နေသောစစ်အာဏာရှင်ဆိးု တစု အား တွန်းလှန်ရန် မှာ ကုလသမဂ္ဂသဘောတူညီမှုဖြင့်နိုင်ငံခြားတပ်များ စစ်ရေးအရ၀င်ရောက် ဖြေရှင်းမှသာမြန်မာ ပြည်သူများ စစ်ကျွန်ဘ၀မှလွတ်မြောက်ရ်ျ ကြောက် လန့်ကင်းကွာလွတ်လပ်သောလူသားများ အဖြစ်နေထိုင်နိုင်ကြမည်ဖြစ်သည်။
ထို့ ကြောင့် အချိန်မနှောင်းခင် ကုလသမဂ္ဂသဘောတူညီမှုဖြင့် နိုင်ငံခြားတပ်များမြန်မာနိုင်ငံသို့ အမြန်ဆုံးဝင်ရောက်ပြီး လစ်ဗျားတွင်နေတိုးတပ်ဖွဲ့ များက ကာဒီဖီတပ်ဖွဲ့ များ ရဲ့ သတ်ဖြတ်မှုများကို တားဆီးသကဲ့သို့ နအစစ်အစိုးရ ၏ ဖိနိပ်မှုများ ကို တားဆီးရန် နှင့် မြန်မာပြည်သူများ၏ လူ မှု ဒုက္ခကို ကယ်တင်ရန်အတွက်တောင်းဆိုမှုကို သဘောတူလက်မှတ်ထိုးကြရန်အထူး လို အပ်နေ ပါသည်။
အမေရိကန်နိုင်ငံနှင့်ဥရောပနိုငံများသည် မြန်မာ့အရေးကို စစ်ရေးအရ၀င်ရောက်ရန်လက်တွန့် နေသည်မှာ၎င်းတို့ ကိုကျူးကျော်သူများအဖြစ်မြန်မာပြည်သူများကမြင်မည်ကို စိုးရိမ်နေရ်ျဖြစ် ပါသည်။ ၄င်းစစ်ရေးအရ၀င်ရောက်မှုသည် မြန်မာပြည်သူများကို လူသားခြင်းစာနာသောအားဖြင့်စစ်ကျွန်ဘ၀မှ လွတ်မြောက်လာစေရန် ကူညီခြင်းအဖြစ် မြန်မာပြည်သူများက လိုလိုလားလား ဖိတ်ခေါ်ကြောင်းသိလျှင် ၄င်းတို့ အနေနှင့် ပြတ်သားစွာလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။မစိုးရိမ်ဆရာတော်ကြီး မကွယ်လွန်မီ နယူးယောက်မြို့ တွင်တွေ့ စဉ်က”အကယ်ရ်ျ အမေရိကန် ရေတပ်ကြီး ဗမာပြည်ကိုချီတက်မည်ဆိုလျှင် သဘောင်္ဦးခန်းမှာ သာသနာ့အလံစိုက်ထူပြီး ငါလိုက်မယ်ကွ”ဟုမိန့် ဆို ဘူးပါသည်။
မြန်မာနိုင်ငံရှိ ဗုဒ္ဒဘာသာခေါင်းဆောင်ဆရာတော်ကြီးများကပါလိုလားနေသောနိုင်ငံခြားတပ်များ ၀င်ရောက်လာစေလိုမှုကို ဗုဒ္ဒဘာသာရဟန်းတော်များကပါ သာသနာ့ပြန့် ပွားရေးကိုရည်စူးရ်ျ လက်မှတ်ရေးထိုးကူညီကြပါရန်ပန်ကြားအပ်ပါသည်။
ယနေ့ ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ သတင်းမှောင်ချရ်ျ လိမ်ညာလှည့်စားကာပြည်သူတို့ ကိုဖိနှိပ်အုပ်ချုပ်နိုင်သောခေတ်သည်နေ၀င်ခဲ့ပြီဖြစ်သည်။ထို့ ကြောင့်မြန်မာပြည်သူ ပြည်သားများတိုင်းပြည်ချစ်စိတ်၊တာဝန်သိစိတ်နှင့် လက်မှတ်ရေးထိုးကြပါရန်ပန်ကြားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
အပြည့်အစုံ မူရင်းကိုတော့ ဒီနေရာမှာ သွားရောက်ဖတ်ရှုပြီး လက်မှတ်ရေးထိုးကြပါရန်





