Thursday, December 31, 2009

ကက်ဘိနက် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို နေပြည်တော်က ယနေ့တွင် ဆင့်ခေါ်ထားရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြီးမှူး ကျင်းပမည့် အစည်းအဝေးသည် မဟာဗျူဟာမြောက်ဖြစ်ဖွယ် ရှိသည်။

စစ်ဘက် သတင်းရပ်ကွက်တခု အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သူ၏ အကြံအစည်များကို ရှင်းလင်း ပြောကြားသွားလိမ့်မည်ဟု သိရသည်။

”မနက်ဖြန်တော့ သတင်းထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောသည်။

ထိုအတောအတွင်း ပဲခူးမြို့တွင် ဒေသခံ အာဏာပိုင်များက နိုင်ငံရေးသမားများစာရင်း ပြုစုလျက် ရှိသည်။

ထို့ပြင် စစ်အစိုးရက သတင်းရဲတပ်ဖွဲ့ဝင် အားလုံးနှင့် ရဲဝန်ထမ်းများကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်သော ထင်မြင်ချက်များ ပေးပို့ရန် ညွှန်ကြားထားသည်။

Wednesday, December 30, 2009

ဝ အရေး နောက်ဆုံးရက်နီးကပ်လာ၊ ဆွေးနွေးမှုမရှိသေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက်မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

နအဖ ဖက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃၀ ဦးကို ထည့်သွင်းမည် ဖြစ်သည်။

သို့သော် ဝ တပ်ဖွဲ့ကမူ အချက် ၉ ချက်တင်ပြထားပြီး နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံပါ “ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အတွင်း ရှမ်းပြည်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းဖျင်၊ ဝမ်ဟုန် ဒေသများကို ထည့်သွင်းပေးရန်လည်း ပါဝင်သည်။


တပ်အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် တင်ပြထားသည်။ ယင်းစစ်ဒေသခွဲများတွင် စစ်ဒေသတပ်မှူး အပါအဝင် ထိပ်ပိုင်းတပ်မှူးနေရာ ၁၄ နေရာအနက် ဝ တပ်ဖွဲ့က ၁၀ နေရာ တောင်းထားပြီး နအဖ အတွက် ၄ နေရာသာ သတ်မှတ်ထားသည်။

စစ်ဒေသခွဲများ၏ “ထောက်ပံ့ရေး၊ ကျန်းမာရေး အာမခံခြင်းနှင့် လေ့ကျင့်ရေး နည်းပြများကို အဓိကအားဖြင့် တပ်မတော်မှ တာဝန်ယူရန်နှင့် ဝ တပ်ဖွဲ့မှ ပေါင်းစပ်သွားရန်” တင်ပြထားသည်။ ထို့အပြင် တပ်ရင်းအဆင့်နှင့် လက်အောက် ကေဒါအရာရှိများ၊ တပ်သားများအား ဝ တပ်ဖွဲ့မှသာ တာဝန်ယူသွားမည် ဖြစ်ပြီး “တပ်မတော်မှ စေလွှတ် ခန့်အပ်ခြင်း မလိုတော့ကြောင်း” လည်းပါရှိသည်။

အသွင်ပြောင်း ဖွဲ့စည်းပြီးနောက်တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ကျန်ရှိဦးမည် ဖြစ်ကြောင်း၊ ဌာန အသီးသီးမှ ကျန်မည့် အင်အား ၅၀၀၀ ကျော်လည်း ရှိမည်ဖြစ်သောကြောင့် ၎င်းတို့အား ၅ နှစ်စာ ပင်စင် စားရိတ်များကို တကြိမ်တည်းဖြင့် ပံ့ပိုးပေးရန် အချက် ၉ ချက်အတွင်း ထည့်သွင်းထားသည်။

ဝ တပ်ဖွဲ့တွင် လက်နက်ကိုင်ပြည်သူ့စစ် အင်အား ၂ဝဝဝဝ ကျော်ရှိသဖြင့် ၎င်းတို့အား စိစစ်ပြီး “ပြည်သူ့စစ်တပ်ဖွဲ့” တဖွဲ့ဆက်လက်ထားရှိရန် ဖော်ပြသည်။ အသွင်ကူးပြောင်းပြီးနောက် ဝ နယ်ဒေသ အတွင်းရှိ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ဥပဒေကျူးလွန်မှု နောက်ထပ်မရှိလျင် ၎င်းတို့၏ လုံခြုံမှုကို စစ်အစိုးရက အပြည့်အဝ အာမခံပေးရမည်ဖြစ်ကြောင်း တင်ပြထားသည်။

နအဖ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေသည့်နောက်ပိုင်း ဝ တပ်ဖွဲ့များ စစ်ရေးတိုးချဲ့ပြင် ဆင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နအဖ ဘက်ကမူ မကြာသေးမီက လာလည်သော တရုတ် ဒုသမ္မတ ရှီကျင်းဖျင် (Xi Jinping) အား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံအတွင်း ဖြတ်သွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံ ပိုက်လိုင်းတလျှောက် လုံခြုံရေး ယူပေးမည်ဟု မြန်မာအာဏာပိုင်များက အာမခံခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

(ကိုဝိုင်းတည်းဖြတ်သည်)


တစ်ယောက်တော့ရှိတယ်

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို

မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်

တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။

ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။

သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို

အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .


မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်

တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။

သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်

သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။

သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်

လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။

သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်

သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။

သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်

တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။

တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။

သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ

မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ

မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။

အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?

“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?

(၃၀၊ ၁၂၊ ၂၀၀၉) ၁၃၇၁ ခု၊ “ပြာသိုလပြည့် အမေနေ့”ကို ဂုဏ်ပြုလျက်။

တောင်တန်းသာသနာပြုဆရာတော်

အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)

န အ ဖ လက်ထက်မှာ ခေတ်ပျက်, အကျင့်ပျက်နဲ့, ပျက်ဆီးနေပြီးဆိုတာ


ဒီဇင်ဘာလ ၁၃ ရက်နေ့က မန္တလေး ဆီဒိုးနားဟိုတယ်မှာ KOSE အလှကုန်က ကျင်းပပေးခဲ့တဲ့ Nice to Meet You ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့တဲ့ အဆိုတော် ထွန်းထွန်း Exmaplz ရဲ့ အင်္ကျီမ၀တ် ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှု စတိုင် အသစ်တဲ့ဗျား။ ဒီပွဲမှာ သဇင်၊ ယုန်လေး၊ ဂျောက်ဂျက် နှင့် အေသင်ချိုဆွေ တို့ပါ ဖျော်ဖြေ ခဲ့ကြပါတယ်။

မြန်မာလူမျိုးနဲ့ ယဉ်ကျေးမှု တွေကို ဖျက်ဆီးနေတဲ့ ထွန်းထွန်းရဲ့ အပေါ်ပိုင်း ကိုယ်တုံးလုံး ဖျော်ဖြေမှု စတိုင်အသစ်ကို မြန်မာနိုင်ငံရှိ အနုပညာလောက အသိုင်းအ၀ိုင်းမှ ဒီအတိုင်းဘဲ ကြည့်နေကြတာဟာ ယနေ့ခေတ် ရေစီးချောင်းက တော့ အတော်ရင်လေးစရာပါဘဲဗျာ။

န အ ဖ လက်ထက်မှာ ခေတ်ပျက်, အကျင့်ပျက်နဲ့, ပျက်ဆီးနေပြီဆိုတာ န အ ဖ စစ်ဗိုလ်ချုပ်ကြီးတွေ ဂရုစိုက်ရကောင်းမှန်းမသိပဲ အာဏာတည်မြဲရေးအတွက် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်နဲ့ လူမျိုး ဘာသာယဉ်ကျေးမှုတွေကို ဖျက်ဆီးပြစ် နေပါတော့သည်။

ဒါကြောင့် ဟိရီ,သြတ္တပဆိုတဲ့ တရားနဲ့ ကိုယ်လူမျိုး,ကိုယ့်ဘာသာ,ကိုယ့်အသိုင်းအ၀ိုင်းပတ်ဝန်းကျင် ကိုယ့်ယဉ်ကျေးမှုတွေကို ယနေ့ခေတ်အဆိုတော်တွေအားလုံး လေးစားဖို့သင့်ကြောင်းရေးသားတင်ပြရင်း

Tuesday, December 29, 2009

ကိုညီညီအောင် နောက်ထပ် တမှု တိုးပြန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်၌ တရားဆိုင်နေရသည့် အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို လူဝင်မှု ကြီးကြပ်ရေး လဝက က မှတ်ပုံတင်မှုဖြင့် ယနေ့ ထပ်မံ၍ တရားစွဲဆိုကြောင်း သူ၏ ရှေ့နေက ပြောသည်။

အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးတွင် လိမ်လည်မှု အပါအဝင် အမှု ၃ မှုဖြင့် ရဲက တရားစွဲဆိုထားစဉ် ယနေ့ရုံးထုတ်ရာ၌ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် လဝက ကပါ ၁၉၄၉ အက်ဥပဒေအရ မှတ်ပုံတင်တွင် မမှန်မကန် ဖော်ပြမှုဖြင့် ထပ်မံ၍ တရားစွဲဆိုခြင်း ဖြစ်သည်။

“ကိုညီညီအောင်ကို အမှုတမှု ထပ်တိုးတယ်။ ၁၉၄၉ ခုနှစ် အက်ဥပဒေ ပုဒ်မ ၆ (၃) အရ မှတ်ပုံတင် ရေးသွင်းတဲ့ နေရာမှာ မမှန်မကန် ဖော်ပြတာတို့၊ မမှန်မကန် ဖြည့်စွက်မှုနဲ့ ပတ်သက်လို့ ဗိုလ်တထောင် လဝက ဦးစီးအရာရှိက တရားရုံးကို ဦးတိုက် လျှောက်ထားတဲ့အတွက် လာမယ့် ၁ ရက်နေ့မှာ အမှုတင်သင့်၊ မတင်သင့်ကို အမိန့်ချမယ်။ အမှု အသစ်အတွက်လည်း စတင်စစ်ဆေးမယ်”ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

အသက် ၄၀ အရွယ် ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ကို ယနေ့နံနက်တွင် ထောင်တွင်း၌ ပထမ ၃ မှု စွဲချက်တင်သင့်၊ မတင်သင့်အတွက် သူ၏ ရှေ့နေများက လျှောက်လဲချက်ပေးရာ ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ဒု-ကောင်စစ်ဝန် တဦးလည်း လာရောက် နားထောင်ခဲ့သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေး ခိုလှုံခဲ့ပြီး အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့ကာ မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က သူသည် ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

သူ့ကို လိမ်လည်မှု ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလှယ်မှု ပုဒ်မ ၂၄ ဖြင့် တရားစွဲထားရာမှ လဝက ကပါ ပုဒ်မ ၆ (၃) မှတ်ပုံတင် ဥပဒေအရ အမှုတမှု ထပ်မံ စွဲဆိုထားခြင်း ဖြစ်သည်။

အကျဉ်းသား ၇ ထောင်အတွက် ဆရာဝန် ၁ ဦးသာရှိ

ဧရာဝတီ

မြန်မာနိုင်ငံတွင် အကျဉ်းသား ၇၀၀၀ လျှင် ဆရာဝန် ၁ ဦးနှုန်းသာ ခန့်အပ်ထားကြောင်း အကျဉ်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထားသောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။

“လူဦးရေ နှစ်သိန်းခွဲ လောက်ကို ဆရာဝန် ၃၄ ဦးနဲ့ ပုံမှန် ဆေးကုသမှု ပေးဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ဆိုတာ
မလွယ်ပါဘူး။ ဒီစာရင်း အရဆိုရင် နေထိုင်မကောင်းဖြစ်တဲ့ အကျဉ်းသားတိုင်း ဆေးကုသ ခံယူခွင့် မရနိုင်လောက်ဘူး” ဟု အထွေထွေ ရောဂါကု ဆရာဝန်က ပြောသည်။

အကျဉ်းဦးစီးဌာနမှ အရာရှိတဦးအဆိုအရ အကျဉ်းထောင်နှင့် ရဲဘက်အလုပ်စခန်းအများစုတွင် ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများ မရှိဘဲ ဆေးကုသမှုပညာ အနည်းငယ်သာ တတ်ကျွမ်းသော ဆေးတပ်သားများသာ ထားရှိကြောင်း သိရှိရသည်။

“အလုပ်စခန်းတွေမှာတော့ ဆရာဝန်မရှိဘူး။ လူဦးရေများတဲ့ ထောင်တချို့မှာတော့ ဆရာဝန်တဦးစီ ရှိတယ်။ ရဲဘက် အလုပ်စခန်းနဲ့ ထောင်တွေမှာ အများဆုံးထားတာက ဆေးတပ်သားတွေပဲ” ဟု သူက ဆက်ပြောသည်။

ဆေးတပ်သား ဆိုသည်မှာ ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာ ပညာရပ်များကို စနစ်တကျ သင်ကြားခဲ့ခြင်းမရှိဘဲ လအနည်းငယ်မျှ ဆေးထိုး၊ ဆေးစပ်နည်းများသာ သင်ယူ ထားသူများဖြစ်ပြီး အကျဉ်းသားများကို လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု မပေးနိုင်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆရာဝန်က ဆိုသည်။


စစ်အစိုးရ အကျဉ်းထောင်များတွင်နာမကျန်းဖြစ်နေသော အကျဉ်းသားများကို စနစ်တကျ ဆေး ကုသပေးနိုင်သော ကျန်းမာရေးဝန်ထမ်း မရှိသောကြောင့် အကျဉ်းသားအများစုသည် နေထိုင် မကောင်းဖြစ်လာလျှင် ဆေးမြီးတိုများကိုသာ အားကိုးရကြောင်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ထောင်ကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသား တဦးက ရှင်းပြသည်။

“ထောင်ဝင်စာလာတွေ့တဲ့မိသားစုကို ဆေးမြီးတိုနဲ့ တိုင်းရင်းဆေးအထုပ်တွေ မှာရတယ်။ ထောင်ထဲမှာ ဖျားနာလာရင် အချင်းချင်း ဆေးမြီးတိုလေးတွေနဲ့ ကုကြတယ်” ဟုသူကဆိုသည်။

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး ငွေကြေးတတ်နိုင်သော အကျဉ်းသားများက အကျဉ်းဦးစီး အရာရှိ များကို ငွေပေးကာ ကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံရေး အကျဉ်းသားများမှာမူ ထောင်အာဏာပိုင်များ၏
ဖိနှိပ်မှုများ ခံရလေ့ရှိပြီး တခြားအကျဉ်းသားများ နည်းတူ အခွင့်အရေးတန်းတူ မရကြောင်း၊ အထူးသဖြင့်နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ဆေးကုသခွင့်ရရန် မလွယ်ကူကြောင်း သိရသည်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆေးကုသ ခွင့်ရဖို့ တော်တော်အရေးဆိုရတယ်” ဟု ၁၅ နှစ်ခန့် ထောင်ကျခဲ့ဖူးသူ
နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကျန်းမာရေးကိစ္စအပါအ၀င် ကိစ္စများအားလုံးကို ထောင်အာဏာပိုင်များက ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်ဗိုလ်ချုပ်ကြီးများအထိ တင်ပြကာ ခွင့်ပြုမိန့် တောင်းခံရလေ့ ရှိသောကြောင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ချက်ချင်း ဆေးကုသခွင့် မရနိုင်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ကြားသိရသည်။

ယခုဒီဇင်ဘာလအတွင်း အင်းစိန်ထောင်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ၃ လ ကျခံနေရသော အသက် ၃၈ နှစ်အရွယ် မတင်တင်ထွေး နှလုံး သွေးကြောပေါက်ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု
ကြားသိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Monday, December 28, 2009

၂၀၁၀ အကြိုယတြာချေပွဲ


နိုင်ငံတော်အကြီးအကဲ ချိုကုပ်ဒူးကြီး သန်းရွှေ မိမိလုပ်ထားသော မကောင်းမှု့များကို ဖာထေးရန်နှင့်အာဏာတည်မြဲရေးယတြာချေရန်ရည်ရွယ်ချက်တပွေ့တပိုက်ဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့က မွန်ပြည်နယ်ရှိ ဆုတောင်းပြည့် တန်ခိုးကြီးကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ကာ ရွှေတုသက်န်းများ ဆက်ကပ်ခဲ့သည်။

ချိုကုပ်ဒူးကြီး သန်းရွှေအနေဖြင့် မိမိကျူးလွန်ထားသော မကောင်းမှု့ပြစ်မှု့များကို ဤကဲ့သို့ ဆေးကြော၍ ရနိုင်မည်ဟု ထင်နေဟန်တူသည်။ ယခုအချိန်အခါတွင် ကမ္ဘာကြီးသည် ရွာကြီးသဖွယ်ဖြစ်နေသည့် အတွက် ပြည်တွင်းပြည်ပတို့၌ လိမ်ညာ၍ မရတော့ပေ။ အထူးသဖြင့် ချိုကုပ်ဒူးကြီးကျူးလွန်ထားသော အပြစ်များကပင် မှတ်တမ်းဖြစ်ကာ ချိုကုပ်ဒူးကြီးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသော၊ ရဟန်းတော်များကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်နေသော၊ နိုင်ငံကို စုပ်ပြတ်သတ်သွားအောင် ဖျက်ဆီးထားသော၊ တချိန်က အာရှပညာရေးမှာ ထိပ်တန်းက ရှိနေသော မြန်မာပြည်ကို အာရှပညာရေး၏အဆင့်အနိမ့်ဆုံးသို့ ရောက်သွားအောင်ဖျက်ဆီးပစ်သော၊ အာရှစပါးကျီဟု ခေါ်ဆိုနိုင်ခဲ့သော မြန်မာလယ်ယာမြေများကို အတင်းအကျပ်မတရားသိမ်းပိုက်ထားသော ချိုကုပ်ဒူးကြီး သန်းရွှေအနေဖြင့် စိန်ပုတီးကြီးလည်မှာဆွဲ တရားထိုင်တာပဲဟု ပြောနေရုံ၊ ဘုရားသွားပြ၊ သံဃာကို ကြည်ညိုသယောင် ရှိခိုးပြရုံ၊ ပြည်သူ့ငွေများကို မတရားသိမ်းပိုက်ပြီး ရွာသားအလှူ၊ သူကြီးကောင်းမူဟု စာတန်းထိုးပြရုံနဲ့ မိမိကျူးလွန်ထားသော ပြစ်မူများကား ကွယ်ပျောက်သွားမည်မဟုတ်ပေ။ မိမိပြုထားသော ကောင်းမူများက မိမိကို စောင့်ရှောက်သလို မိမိပြုထားသော မကောင်းများက မိမိကို ပြန်လည်၍ ဒုက္ခပေးမည် ဖြစ်သည်။ ရှောင်လွဲ၍ မရနိုင်ပါ။ အပြစ်အသေး အကြီးသာ ကွာခြားနိုင်ပါသည်။


တကယ့်ပြစ်မှု့ကြီးများကို ကျူးလွန်ထားသော ချိုကုပ်ဒူးကြီးအနေဖြင့် ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ် ဆိုသလို ဆွေစဉ်မျိုးဆက်အပါအ၀င် သမိုင်းဆိုးနဲ့သေပွဲဝင်ရုံမှ တစ်ပါး အခြားမရှိနိုင်ပါ။ ထို့ကြောင့် သမိုင်းကောင်းကို အဖတ်ဆယ်လိုလျှင် နိုင်ငံနဲ့ပြည်သူ့ အကျိုးကို ကြည့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံရေးကိုသာ ဖေါ်ဆောင်သင့်ပေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည်သာ စစ်မှန်သော ယတြာချေခြင်းနှင့်ချိုကုပ်ဒူးကြီးသန်းရွှေအတွက် ထွက်ပေါက်ဖြစ်ပေသည်။

နောင်ရိုးဟံသာ

ဤခရီး နီးသလား ...

ဟန်လေး-ဧရာဝတီ

နယ်ခြားစောင့်တပ်ရင်းအနီး နအဖစစ်တပ် လာရောက်တပ်စွဲ

ပေါက်ပေါက်/ ခေတ်ပြိုင်
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁)၊ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ်ရင်းအနီးတွင် မကြာသေးမီ ရက်ပိုင်းကစ၍ နအဖက တပ်စခန်းအသစ်တခု ဆောက်လုပ်ကာ တပ်စွဲနေသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ (၆၃) က တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းအနီး စင်ကျိုင်တွင် ဖွင့်လှစ်ထားသည့် အမှတ် (၁ဝဝ၃) တပ်ရင်းအနီးတွင် အဆောက်အဦ တန်းလျားအသစ်များ ဆောက်ကာ တပ်ချထားသည်ဟု ကန်ပိုက်တီးမှ ပြန်လာသူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “ဆဒုံးနဲ့ ကန်ပိုက်တီးအကြားမှာ၊ နယ်ခြားစောင့်တပ်လုပ်ထားတဲ့ အမှတ် (၁ဝဝ၃) နဲ့ မလှမ်းမကမ်းမှာ တပ်တည်နေတယ်။ အဆောက်အဦတွေ ဆောက်ပြီးတဲ့ဟာလည်း ပြီးနေပြီ။ အချို့လည်း ဆောက်နေတုန်းပဲ။ မိသားစုတွေတော့ ပါလာတာ မတွေ့ သေးဘူး။ ဧရာဝတီတိုင်းက တပ်ပေါ့။ မပခ တပ်ကတော့ လုပိနားမှာ ရှိတယ်။ အမှတ် (၁ဝဝ၂) ရှိတဲ့ဘက်မှာ။ အဲဒါကတော့ အရင်ကတည်းက တပ်စခန်းထိုင်နေတာ” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်များကို မထားဘဲ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ကို လာရောက်အခြေစိုက် တပ်စွဲစေခြင်းမှာ ထူးခြားကြောင်းနှင့် အဆိုပါဒေသတွင်းမှ တပ်ပြန်ဆုတ်ရန်မရှိဘဲ တိုးပြီးချထားရန်သာ ရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။


၎င်းက “နယ်ခြားစောင့်တပ်ဆိုတာ တချိန်ချိန်မှာ ဖျက်မှာပဲ။ ယုံကြည်ရတဲ့သူတွေကို သူ့တပ်ထဲကို ဆွဲသွင်းမယ်။ ဒါကြောင့်မို့ ယုံကြည်ရတဲ့ သူတို့တပ်ကို လာထားတာပဲ။ ကိုးကန့်ကျတော့ ဗမာတပ်ရင်း (၇ ၊ ၈) ရင်း ရှိတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ဒေသကို ခြေနိုင်လက်နိုင်ဖြစ်အောင် သူ့ရဲ့ အဓိကတပ်တွေကို လာပို့ထားတာပဲ။ အိမ်မဲဆိုတာ အဝေးကြီးလေ။ မပခမှာလည်း တပ်အများကြီးပဲ၊ စကခ (၃) တို့၊ စကခ (၂၁) တို့ရှိတယ်။ တနိုင်းက ဒကစ တပ်ရှိတယ်။ အဲဒီရင်းတွေက လာထားလို့ ရရက်သားနဲ့ နတခအောက်က တပ်ကို ဆွဲထုတ်လာထားတာက ရေရှည်အနေနဲ့ ဒီဒေသကို ချုပ်ကိုင်နိုင်အောင် လာထားတာပဲ။ နောက်ထပ်လည်း လာနိုင်သေးတယ်” ဟု ပြောသည်။

ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်ခဲ့သည့် ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်း တို့သည် ၁၉၇ဝ ခုနှစ်ဝန်းကျင်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ လူအင်အား (၂ဝဝ) ခန့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သို့ ကူးပြောင်းလာခဲ့သည်။

ဗကပ၏ (၁ဝ၁) စစ်ဒေသအဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗကပမှ ခွဲထွက်ကာ (NDA-K) တပ်ဖွဲ့ထူထောင်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ကာ နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Sunday, December 27, 2009

နအဖတပ်ရင်းမှ တပ်ရိက္ခာကိုတင်ပို့ရန် မော်တော်ကားများကိုအတင်းချောဆွဲနေ

ကောင်းဝါ(နိုဝင်ဘာ- ၂၇)။ ။ အမှတ်(၄၀၇)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင်မောင်မောင် ဒုတပ်ရင်းမှူးအောင်ကျော်မိုး ဦးစီးသောနအဖစစ်ကြောင်းသည် ဒီဇင်ဘာ(၂၆)ရက်နေ့ နံက်ပိုင်းတွင် ဘုရားသုံးဆူမြို့ နယ်အတွင်းသို့ ရောက်လာသည်ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။

၎င်းခမရ(၄၀၇) ရည်ရွယ်ချက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာတွင်အခြေချသော စစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချတပ်ရင်းအတွက် ရိက္ခာပို့ဆောင်ရန်နှင့် ဘုရားသုံးဆူ၊ သံဖြူဇရပ်မော်တော်ကားလမ်း လုံခြုံရေးယူရန် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ရိက္ခာများကို သယ်ယူပို့ဆောင်ရန်အတွက် ဘုရားသုံးဆူလမ်းတလျှောက်တွင် ပြေးလွှာနေသော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေသည်ဟု ကျေးရွာရယကတစ်ဦးမှ ကောင်းဝါသတင်းဌာနသို့ ပြောဆို ခဲ့ပါသည်။ တချို့ကားသမားများမှာ မိမိတို့ကားချောဆွဲချင်းမှ လွတ်ကင်းအောင်ကားငယ်များကို ၂၅၀၀ ကျပ်၊ ကားကြီးများမှာ ကျပ် ၂ သိန်းခွဲခန့် သံဖြူဇရပ်မြို့နယ် ဝါဂလီတပ်နယ်မှူးကို ပေးဆောင်ပြီးသော်လည်း ထပ်မံ ချောဆွဲခံနေရသည်ဟု ကားသမားတစ်ဦးမှ ပြောပါသည်။

အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း(၃၀၀၀)ကျော်ကို အနန်းကွင်းဗျူဟာရုံးနှင့် ဘုရား သုံးဆူမြို့ အခြေချတပ်ရင်းသို့ သယ်ဆောင်ပေးရသည်ဟု ဆိုသည်။ လမ်းကြောတလျှောက်တွင် KNU တပ်ဖွဲ့များမှ ဆန်အိတ်များကို သိမ်းဆည်းခဲ့သဖြင့် ထိုကျသင့်သော ဆန်တန်ဘိုးများကို ကားသမားများမှ အစားထိုးပေးလျှော်ရ သောကြောင်း ၄င်းတို့အတွက်ထပ်ဆင့် နစ်နာနေကြောင်း ပြောဆိုခဲ့ပါသည်။

စစ်တပ်နှင့်နီးစပ်သူတစ်ဦး၏အဆိုအရ တပ်ရိက္ခာစုဆောင်းပြီးလျှင် ကေအာန်ယူတပ်မဟာ(၆)ဒေသကို ထိုးစစ် ဆင်လာနိုင်သည်ဟု ဆိုသည်။ ယခုအခါ ကြာအင်းဆိတ်ကြီးမြို့အခြေစိုက် ဒုဗိုလ်မှူးကြီးမြင့်အောင် ဦးဆောင်သော ခမရ(၂၈၄)တပ်ရင်းသည် ဘုရားသုံးဆူမြို့သို့ တပ်ချိန်းရန်တက်လားပြီးဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာ ရယကတစ်ဦးမှ ပြောပါသည်။

နယ်စပ်တွင် တိုက်ပွဲ ဖြစ်၍ နအဖ တပ်သား တဦး ဒဏ်ရာရ

မင်းအောင် (နိရဉ္စရာ) မြန်မာ-ဘင်္ဂလာနယ်စပ် အနီးတွင် တိုက်ပွဲ ဖြစ်ပွား၍ နအဖ စစ်သား တဦး ဒဏ်ရာ ရရှိသွားကြောင်း နယ်စပ်မှ လာသော သတင်းအရ သိရှိရသည်။

တိုက်ပွဲမှာ ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ-ဘင်္ဂလာနယ်စပ် အနီးရှိ ပလက်ဝမြို့နယ် လက်ပံဝ ကျေးရွာအနီးတွင် ၁၀ မိနစ်ခန့်ကြာအောင် ဖြစ်ပွားခဲ့သည်။

ကျေးရွာသားများ၏ အပြောအရ တိုက်ပွဲ ဖြစ်ပွားသော စစ်ကြောင်းမှာ ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဒုရင်းမှူး အောင်မင်းဆွေ ဦးစီးသော စစ်ကြောင်း ဖြစ်သည်ဟု သိရသည်။

ဒဏ်ရာ ရရှိသွားသော နအဖ စစ်သားအား ဆေးရုံသို့ ပို့ဆောင်ရန် အတွက် ကျေးရွာသား အများအပြားကို စစ်တပ်မှ ပေါ်တာဆွဲယူခဲ့သည်ဟု ဒေသခံများက ပြောသည်။

အနီးအနားမှ ကျေးရွာသားများမှ အဆိုပါ ဒဏ်ရာရ စစ်သားအား နယ်စပ်မှနေပြီး ခ၀ဲကျေးရွာအထိ ပို့ပေးခဲ့ရသည်ဟု သတင်း တရပ်တွင် ဖေါ်ပြသည်။

နအဖ စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သော လက်နက်ကိုင် တပ်ဖွဲ့မှာ ရခိုင်ပြည် လွှတ်မြှောက်တပ်မတော်မှ တပ်သားများ ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တလျောက်တွင် တော်လှန်ရေး တပ်မတော်သားများနှင့် နအဖ တပ်တို့ တိုက်ပွဲဖြစ်ပွား၍ နအဖ စစ်သားများဘက်မှ အကျအဆုံး အထိအခိုက်ရှိလျှင် အပြစ်မဲ့ အရပ်သားများအား ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်လေ့ရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှ ကျေးရွာသားများမှာ ယခုအခါ ရှောင်တိမ်းနေကြသည်ဟု သိရသည်။

Saturday, December 26, 2009

ခေတ်မှီတိုးတက်နေတဲ့ မြန်မာတို့ရဲ့ရွှေနိုင်ငံ

အမှန်တရားအတွက် မီဒီယာတွေဖေါ်ထုတ်ကြပါစို့

အာရှတော်ဝင်ဆေးခန်းမှာ သမားတော်ဆရာဝန်ကြီးနှင့် သွားဆရာဝန်အကြား သေဆုံးသွားခဲ့တဲ့ဒေါ်ခင်ကြည်
အကြောင်းလေးကို အများသူငါသိအောင်တင်ပြပေးစေလိုပါတယ်။ကူညီပေးစေလိုပါတယ်၊
ပြည်တွင်းဂျာနယ်တွေကလည်း အမှန်တရားဖက်ကို တစ်ချက်တစ်ချက် မျက်ကွယ်ပြုသလိုဖြစ်နေတာလဲ ပါပါတယ်။

သေဆုံးသူ ဒေါ်ခင်ကြည် (အသက် ၆၈နှစ်) ဟာ အထက်တန်းပြဆရာမ (ငြိမ်း)ဖြစ်ပြီး အမှတ် ၂၁၊ ၁၃၄ လမ်း၊
မအူကုန်း၊ ရန်ကုန်မြို့မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။သူက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ များရှိပြီး ရှင်ပါကူ
ဆေးခန်းမှာတက်ရောက်ကုသနေကျဖြစ်ပါတယ်။

နောက်ဆုံးတစ်ကြိမ်မှာတော့ ခြေ၊ လက် နှင့် ကိုယ်တွေပါရောင်လာလို့ ကျောက်ကပ်ဆရာဝန်ဆီမှာ ပြသရန်
refer လုပ်ပေးခဲ့ပါတယ်။ကျောက်ကပ်အထူးကုဆရာဝန် ဒေါက်တာ ဒေါ်ခင်သီတာသွင်ကအာရှတော်ဝင် ဆေးခန်းကိုတက်ခိုင်းပါတယ်။ လွှဲပြောင်းတက်ရောက်တဲ့နေ့ကတော့ (၇.၁၁.၂၀၉)၇က်နေ့ဖြစ်ပါတယ်။
ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပါတယ်။ စုစုပေါင်း(၅) ကြိမ်ဆေးပြီးသွားပါပြီ။

လူနာမှ လျှာ နှင့် သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက်အာရှတော်ဝင်ဆေးခန်းကြီးမှာထိုင်သည့်
ဒေါ်ကြူကြူဝင်းဆွေမှ လာကြည့်ပါတယ်။လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှရမည်၊သွားများကိုလည်း
စစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂၀၉) ရက်နေ့ နံနက်(၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင်သွား (၁၁)ချောင်းကို နှုတ်လိုက်ပါတယ်။ (၁၀)နာရီတွင် operation theater မှ
ပြန်ထုတ်လာခဲ့ပါတယ်။

ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီတွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ပါတယ်။
သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂၀၀၉) ရက်နေ့တွင် နံနက် (၄း၅၀)မှာ သေဆုံးခဲ့ပါတယ်။ Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုရေးသားဖော်ပြခဲ့ပါသည်။လျှာ biopsy results မှာ
ကင်ဆာမဟုတ်ကြောင်း ဓါတ်ခွဲခန်းမှ အကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိ၇ပါသည်။

စဉ်စားမိသည့်အချက်များမှာ -

(၁) အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရတဲ့လူနာကို တစ်ကြိမ်တည်းသွား (၁၁) ချောင်း နှုတ်သင့်ပါသလား

(၂) Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါ ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ

လက်ရှိကြုံတွေ့နေရသောပြသနာများ

(၁) True Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင်မပါသောကြောင့်
မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန်ပိတ်ပင်ထားကြောင်း

(၂) 7 Days News Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင်
မပါသောကြောင့် မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှမထည့်ရန် ပိတ်ပင်ထားကြောင်းတို့ကို သိရှိရပါသည်။

(၃) ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ယခုအကြောင်းအား
အပြင်သို့မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ်ဖိအားပေးဆောင်ရွက်နေကြောင်းသိရှိရပါသည်။

မေလ်းထဲသို့လက်ခဲရရှိပါသဖြင့်ပြန်လည်ဖော်ပြလိုက်သည်။

တတိယမြောက်အိုအေစစ်

ဂါမဏိ (နေ့သစ်)


၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက် ရောက်သွားတဲ့အတွက် လူမှုရေး စီး ပွားရေးယိုယွင်းကျပ်တည်းမှုတွေ၊ မတရားနှိပ်ကွပ်မှုတွေကို ခါးစည်းခံခဲ့ရတဲ့ မြန်မာ ပြည်သူတွေအဖို့ မွန်းကျပ်ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင်ခဲ့ပေမဲ့ အခါအားလျော်စွာ တစုံတရာ သက်သာရာသက်သာကြောင်း ရစေတဲ့ နေရာဌာနလေး တွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်းထနေတဲ့ သဲ ကန္တာရကြီးထဲက ရေကြည်တပေါက်သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်း နည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။

အခု တင်ပြမယ့်အိုအေစစ် ၃ ခုဟာ အောက်ဗမာပြည် မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က လူမျိုးပေါင်းစုံပြည်သူတွေအတွက် တခဏခိုနား အားဖြည့်စရာတွေ ဖြစ်ခဲ့ ဖြစ်နေပါတယ်။ အဲဒီ အိုအေစစ်တွေကတော့ သထုံ သက္ကတောင် အလံတရာ နယ်မြေ၊ ဖားအံ သာမညတောင်နယ်မြေနဲ့ (ထိုင်းနိုင်ငံ) မြန်မာနယ်စပ်အနီး မဲဆောက် မြို့က မယ်တော်ဆေးခန်းတို့ဖြစ်ပါတယ်။

အလံတရာဆရာတော် ပအိုဝ်းလူမျိုး ဦးစန္ဒနဝံသ ဟာ ပြည်တွင်းစစ်မီး အရှိန်ကြီးကြီးနဲ့ တောက်လောင်နေတဲ့ သထုံနယ်မှာ အမြင့်ပေ ၄၀၀ နီးပါး (ရွှေတိဂုံဘုရားထက် နည်း နည်းပိုမြင့်) ရှိတဲ့စေတီတော်ကြီးကို လူထုအားသက်သက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘယ်ကမှ ငွေကြေး အဆင့်မြင့်ဆောက် လုပ်ရေးအတတ်ပညာ ပံ့ပိုးမှုမရဘဲ ဧရာမစေတီတော်တည်ဆောက်ရေးကို စီမံခန့်ခွဲဖို့ဆိုတာ တော်ရုံတန်ရုံစိတ်ဓာတ် အရည်အချင်းနဲ့ မ ဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်း မွန် ကရင်တွေရဲ့ အင်မတန့်ကို ကြည်ညို လေးစားမှုကို ထိုက်ထိုက်တန်တန်ရယူခဲ့ ပြီးတော့ စေတီတော်ကြီးကို နှစ် ၄၀ ကြာတည်ဆောက်ခဲ့ရပါတယ်။

ပေါ်တာထမ်း၊ ရွာမီးရှို့၊ ရန်သူသတင်းရိုက်နှက်စစ်မေး၊ ငွေတောင်း စသဖြင့် စစ်ဘေးစစ်ဒဏ်ခံရတဲ့ လူထုတွေဟာ အလံတရာဆရာ တော်ခြေရင်းကို ရောက်လာပြီး ခိုလှုံခွင့်ရခဲ့ကြပါတယ်။ ဆရာတော်က စေတီတည်နေတဲ့ ဧရိယာကို ဘေးမဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး လာသမျှလူတွေကို သက်သတ်လွတ်ထမင်းကျွေးပြီး အိပ်ဖို့နေရာပေး ပါတယ်။ ဒီနယ်မြေထဲမှာ စစ်နှစ်ဖက်စလုံးက ပေါ်တာဝင်မဆွဲ၊ ငွေဝင်မကောက်ရဲဘဲ ရှိန်ကြပါတယ်။ အလံတရာနယ်မြေထဲ အတင်းဝင်ပေါ်တာဆွဲ ငွေဝင်ကောက်တဲ့စစ်သားတွေဟာ စစ်ဆင်ရေး ထွက်တဲ့အခါ မိုင်းနင်းမိတာ တိုက်ပွဲကျတာ စသဖြင့် တမျိုးမဟုတ်တမျိုး ဒုက္ခရောက်တယ်ဆိုပြီးတော့လည်း နာမည်ကြီးခဲ့ပါတယ်။

ဒါကို စစ်အာဏာရှင် နေဝင်းက သူပုန်ဘုန်းကြီးလို့သတ်မှတ်ပြီး ရိက္ခာဖြတ်ခဲ့ပါသေးတယ်။ ဒီအခါမှာ ဆရာတော်ဟာ (နောင်မှာသစ္စာ မဏ္ဍိုင်ဘုရားဖြစ်လာမယ့်နေရာမှာ) သစ္စာဆိုပြီး ရိက္ခာပြတ်လို့ စားရေးဒုက္ခတွေ့နေတဲ့ ဒါယကာ ဒါယိကာမတွေနဲ့အတူတူ အေးအတူ ပူအမျှ ဒုက္ခခံဖို့ဆုံးဖြတ်ပြီး 'ရေဆွမ်း' ပဲ ဖုန်းပေးတော်မူပါတော့တယ်။ ဒီလိုစိတ်ဓာတ်တွေကြောင့် လူထုကပိုကြည်ညိုပြီး ရိက္ခာ မရရ အောင် ခိုးပို့ခဲ့ကြပါတယ်။ အကြည်ညိုလွန်ပြီး နောက်ပွင့်တဲ့ဘုရားအဖြစ် အရမ်းအမွှန်းတင်တာတွေ၊ဘုရားရုပ်ပွားတော်ကို ဆရာတော့် မျက်နှာနဲ့တူအောင် ထုလုပ်တာ၊ ဗုဒ္ဓ ဘုရားမုဒြာအတိုင်း ဓာတ်ပုံ ပန်းချီပိုစတာတွေ ထုတ်တဲ့အထိ နောက်လိုက်တွေကလုပ်ခဲ့တဲ့ အ ဆိုးပိုင်းတွေတော့ ရှိခဲ့ပါတယ်။


အလံတရာဘုရားတည်တဲ့နေရာဟာ မူလက အဓမ္မကုန်းလို့ခေါ်ပြီး အင်မတန်စရိုက်ကြမ်းတဲ့နေရာ ဖြစ်ပါတယ်။ ဒါကို ဆရာတော်က အဲဒီမှာ ပထမဆုံး လုပ်အားဒါနက စ,စည်းရုံးပြီး နောက်ပိုင်းမှာ ရိက္ခာဒါန ငွေကြေးဒါနထည့်ဝင်ဖို့ ဆွဲခေါ်ခဲ့ပါတယ်။ ဒုတိယအဆင့်ကြ တော့ ၅ ပါးသီလစောင့်ဖို့ စည်းရုံးခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဘာဝနာဆောက်တည်ဖို့ မြှင့်တင်ခဲ့ပါတယ်။ ဒီနည်းနဲ့ အင်မတန်ဆိုးပေတဲ့ ရွာသားတွေဟာ ဝတ်စုံအဖြူဝတ် သက်သတ်လွတ်စား အင်မတန် ယဉ်ကျေးသိမ်မွေ့ပြီး အများတကာလေးစားရတဲ့လူတွေ ဖြစ်လာပါ တယ်။ အလံတရာနယ်မြေဟာ လူတိုင်း အေးအတူပူအမျှ ဘုံစနစ်ကျင့်သုံးတဲ့နေရာဖြစ်ပြီး ရာဇဝတ်မှုကင်းရှင်းတဲ့နယ်မြေ ဖြစ်ခဲ့ပါ တယ်။

ဆရာတော်ဟာ ဘုရားတည်ရုံတင်မကဘဲ ရပ်ရွာလူထုအကျိုးအတွက် လူငယ်တွေကို ရန်ကုန် မန္တလေး လွှတ်ပြီး ကားဝပ်ရှော့ပညာ၊ ဘုရားထီးလုပ်တဲ့ပညာ၊ ဘုရားရွှေချပညာ၊ ပုံနှိပ်စက်ပညာ၊ ပန်းရံ ပန်းဘဲ ပန်းတည်းပညာတွေ သင်ခိုင်းပါတယ်။ ပအိုဝ်းစာပေသစ် ဖော်ထုတ်တာလည်း လုပ်ပေးခဲ့ပါတယ်။

ဒုတိယအိုအေစစ်ဖြစ်တဲ့ သာမညတောင် ဘေးမဲ့နယ်မြေနဲ့ သာမညဆရာတော် ပအိုဝ်းလူမျိုး ဦးဝိနယကတော့ မဆလခေတ် အကုန်နဲ့ နဝတ-နအဖခေတ်အစမှာ အောက်ဗမာပြည်လူထုတွေရဲ့ အားကိုးခိုနားရာ စိတ်လုံခြုံမှုပေးစရာ ဖြစ်ခဲ့ပါတယ်။ စစ်ဒဏ် ခံ ကရင် မွန် ပအိုဝ်း ဗမာ တိုင်းရင်းသားတွေကို အေးရိပ်ပေး လာသမျှထမင်းကျွေးခဲ့ပါတယ်။ ကရင်စစ်ပြေးဒုက္ခသည် တသောင်းဝန်းကျင်ကို လက် ခံထားခဲ့ပါတယ်။ ၁၉၈၁ ကနေ ၂၀၀၃ အထိ ၂၂ နှစ်တာကာလ အတွင်း ဘုရားစေတီ ကျောင်းတိုက် ဇရပ် ဓမ္မာရုံစတဲ့ သာသနိက အ ဆောက်အအုံတွေ အမြောက်အမြား ဆောက်လုပ်ရုံတင်မက သာမညတောင်နယ်မြေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အမြင်ကျယ် ကျယ်နဲ့ လမ်းပန်းဆက် သွယ်ရေးကအစ ရေ မီးအထိ အပင်ပန်းခံ ကြိုးစားတည်ဆောက်ခဲ့ပါတယ်။ နအဖ အုပ်ချုပ်တဲ့နယ်မြေက လမ်းတွေထက် အဆများစွာသာတဲ့လမ်း ၉၇ မိုင် ဖောက်နိုင် ခင်းနိုင်ပြီး တံတားပေါင်း ၉၀ တည်ဆောက်နိုင်ခဲ့ပါတယ်။ မိဘမဲ့ ကလေး တွေကို ထိန်းသိမ်းပေးရုံမက ပညာရေးအတွက် စာသင်ကျောင်းတွေလည်း ဆောက်လုပ်ပေးခဲ့ပါတယ်။

၁၉၈၀ ခုနှစ်များမှာ ဗမာပြည်တလွှားထင်ရှားကျော်ကြားလာပြီး လာဘ်ပါသကရွှင်ခဲ့ပေမဲ့ ဝင်သမျှကို သာသနာနဲ့ ဒါယကာပြည်သူလူ ထုများအတွက် စေတနာအရင်းခံနဲ့ ပြန်လည်ပံ့ပိုးခဲ့တဲ့ ဆရာတော်ကြီးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၁၉၉၅ နဲ့ ၂၀၀၂ ခုတို့မှာ လာရောက်ဖူးတွေ့ခဲ့ရပါတယ်။ ဆရာတော် ကြီးကိုယ်တိုင်ကလည်း တောင်ခြေအထိဆင်းပြီး ကြို ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ဆရာတော်ကြီးဟာ နအဖ စစ်ခေါင်း ဆောင် ဗိုလ်ခင်ညွန့်လာတာကိုတော့ အရေးတယူ မလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံတွဲ အရိုက်ခံပေမဲ့ ဗိုလ်ခင်ညွန့်နဲ့တော့ တွဲအရိုက်မခံခဲ့ပါဘူး။

တတိယမြောက်အိုအေစစ်ဖြစ်တဲ့ မဲဆောက်မြို့က မယ်တော်ဆေးခန်းနဲ့ ဒေါက်တာစင်သီယာမောင် တို့ကတော့ စစ်အာဏာရှင်ဖြုတ် ချရေး ဒီမိုကရေစီရရှိရေး ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ လက်ထွက်တွေဖြစ်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်သမားလည်းဖြစ် ဆေးဆရာလည်းဖြစ်တဲ့ ကရင်လူမျိုး ဒေါက်တာစင်သီယာဟာ နယ်စပ်နှစ်ဖက်မှာ ရှိတဲ့လူထုတွေကို ဖြစ်နိုင်တဲ့နေရာက အကျိုးပြုနိုင်ဖို့ မယ်တော်ဆေးခန်းကို ၁၉၈၉ မှာ စတည်ထောင်ခဲ့ပါတယ်။

အကူအညီ အထောက်အပံ့ မဆိုစလောက်လေးနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒေါက်တာစင်သီယာတို့အဖွဲ့ဟာ လက်အောက်ငယ်သားတွေနဲ့ အေး အတူပူအမျှ နေထိုင်စားသောက် အဆင်းရဲအပင်ပန်းခံပြီး မယ်တော်ဆေးခန်းကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိလည်း ဒေါက်တာစင်သီယာဟာ နိုင်ငံခြားအလှူရှင် အထောက်အပံ့တွေ အများကြီးရပေမဲ့ ရိုးရိုးကုတ်ကုတ်ပဲနေပြီး ဆေးခန်းစီမံခန့်ခွဲမှုကို ထက်ထက်မြက်မြက် လုပ်နေဆဲဖြစ်ပါတယ်။

အခုအခါ မယ်တော်ဆေးခန်းဟာ ထိုင်းနိုင်ငံ မဲဆောက်ဒေသရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် မလွဲ မသွေအားကိုးရာ ဖြစ်နေရုံတင်မကဘဲ နအဖစစ်အစိုးရအောက်မှာ ကျန်းမာရေးအာမခံချက် မရှိရှာတဲ့ အောက်မြန်မာပြည်တလွှားက ပြည်သူလူထုတွေ အုံနဲ့ကျင်းနဲ့လာရောက် ကုသခံ၊ စိတ်ဓာတ်အားပေးခံရာ နေရာဖြစ်နေပါတယ်။ မြန်မာပြည်ဘက်ကမ်းက နအဖစစ် သားတွေကအစ လူမျိုးမခွဲ ဘာသာမခွဲ အယူအဆမခွဲဘဲ စောင့်ရှောက်ကုသပေးနေလို့ ပြည်တွင်းမှာ ပိုက်ဆံရှိတဲ့ လူတန်းစားတွေ တောင် နအဖဆေးရုံတွေ၊ ငွေစားဖို့ဘဲသိတဲ့ ပုဂ္ဂလိကဆေးရုံတွေကို အားမကိုးတော့ဘဲ မြဝတီတံတားကူးပြီး မယ်တော်ဆေးခန်းကို လာကြတယ်လို့ သိရပါတယ်။

အခုအခါ မယ်တော်ဆေးခန်းဟာ ကျန်းမာရေးတင်မက ရွှေ့ပြောင်းအလုပ်သမားကလေးငယ်တွေ၊ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် ကလေးတွေ၊ နယ်စပ်ဒုက္ခသည်စခန်းကလေးတွေရဲ့ပညာရေး၊ မွေးစာရင်းရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားရေး တွေကိုပါ အကျိုးဆောင်နေပါတယ်။ ထောင်ဂဏန်းရှိတဲ့ ဆေးမှူးတွေ၊ ကျောင်းဆရာတွေ မွေးမြူဖော်ထုတ်ရေး အရည်အချင်းမြှင့်တင် ရေးကအစ နယ်လှည့်ကျောပိုးအိတ်ဆေးမှူးလုပ်ငန်းနဲ့ စွန့်ပစ်ခံ သို့မဟုတ် လူကုန်ကူးခံ သို့မဟုတ် မိဘမဲ့ကလေးငယ် စောင့်ရှောက် ကယ်တင်ရေးတွေအထိ ဦးစီးဦးဆောင်နိုင် ခဲ့ပါတယ်။ ဒီလိုနဲ့ နယ်စပ်နှစ်ဖက်နေ မြန်မာပြည်သူလူမျိုးစုံအတွက် မျှော်လင့်ချက် အ လင်းမျှင်တမျှင် ဖြစ်နေပါတယ်။

ဒါကြောင့်လည်း နအဖဟာ လက်ကိုင်ဒုတ်ဒေါက်တိုင်တွေလွှတ်ပြီး ဒေါက်တာစင်သီယာကို နအဖဆီ ပြန်လက်နက်ချအောင် ဆွဲ ဆောင်တာ ခြိမ်းချောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ဘက်တော်သားပီသလှတဲ့ ဆရာမ ကြီးဟာ နအဖရဲ့ဆွယ်လုံးတွေကို နားမယောင်ခဲ့သလို ခြောက်လုံးတွေကိုလည်း မကြောက်ခဲ့ပါဘူး။ မိမိရဲ့ ပြည်သူ့အကျိုးပြုလမ်းကြောင်းအတိုင်းပဲ တစိုက်မတ်မတ် ရဲရဲ ဝံ့ဝံ့ဆက်လျှောက်ခဲ့ပါတယ်။

အိုအေစစ်ဆိုတဲ့အတိုင်း အယုတ်အလတ် အမြတ်မရွေးလက်ခံပြီး အေးရိပ်ပေးတာဖြစ်တဲ့အတွက် အဆိုးတွေ ဝင်လာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် သက်တမ်းရှည်ကြာလာတာနဲ့အမျှ လူထုစားဝတ်နေရေးကျဆင်းမှုနဲ့အတူ စာရိ တ္တ ပျက်ယွင်းမှုတွေလည်း ကြီးထွားပျံ့နှံ့လာလို့ သာမညတောင်နယ်မြေ၊ မယ်တော်ဆေးခန်းနယ်မြေတို့ကိုလည်း ဂယက်ရိုက်ခတ် ကူး စက်တာတွေ နာမည်ပျက်တာတွေ ရှိပါတယ်။

သာမညတောင်နယ်မြေမှာ ရာဇဝတ်မှုကျူးလွန်ပြီးပြေးလာတဲ့ လူဆိုးလူမိုက်တွေ ရဟန်းတုတွေ လာခိုတာရှိသလို စီမံခန့်ခွဲရေးပိုင်းထဲ အထိဝင်နေလို့ နာမည်ပျက်တာ အလွဲသုံးစားလုပ်တာတွေ ရှိခဲ့ပါတယ်။ အလားတူ မယ်တော်ဆေးခန်းမှာလည်း ဝန်ထမ်းတွေအနေနဲ့ အိုအေစစ်ကိုပျက်စီးဆုတ်ယုတ်စေနိုင်တဲ့ အကြောင်းတရားတွေကို အထူးသတိထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ အိုအေစစ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မှုမကောင်းရင် သို့မဟုတ် အသုံးချပုံ မူမမှန်ရင် သဲတွေဖုံးသွားပြီး ရေခမ်းသွားတတ်ပါတယ်။

အိုအေစစ်သုံးခုကို ယှဉ်ကြည့်ရင် တူညီချက်တွေ အများကြီးတွေ့ရပါတယ်။ အလံတရာနဲ့ သာမည အိုအေစစ်တွေဟာ ဘာသာရေး အ ခြေခံတဲ့ အိုအေစစ်တွေဖြစ်ပြီး မယ်တော်ဆေးခန်းကတော့ ကျန်းမာရေးကိုအခြေခံတဲ့ အိုအေစစ် ဖြစ်ပါတယ်။ ဒါပေမဲ့ မူလပထမ အခြေခံပေါ်မှာသာ ကန့်သတ်မနေဘဲ အဖိနှိပ်ခံပြည်သူတွေ၊ ဆင်းရဲဒုက္ခ ပေါင်းစုံခံနေရတဲ့ လူထုတွေအတွက် ဖြစ်နိုင်သမျှ အကျယ် ပြန့်ဆုံး အကျိုးပြုလှုပ်ရှားသွားတာ တွေ့ရပါတယ်။

နောက်တူညီချက်ကတော့ အိုအေစစ်ထူထောင်သူတွေဟာ နာမည်မရခင်ကာလမှာ ဆင်းရဲချို့တဲ့စွာနဲ့ အနစ်နာခံ ရုန်းကန်ခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ နိမ့်ကျကာလမှာဖြစ်ဖြစ် အမြင့်ကာလမှာဖြစ်ဖြစ် သူတို့ဟာ တသမတ်တည်း အရိုးခံနေထိုင် ရပ်တည်သွားကြတာ တွေ့ရပါတယ်။ နိမ့်လို့လည်းစိတ်ဓာတ်မကျ မြင့်လို့လည်းမြောက်တက်မသွားဘဲ သာမန်ပြည်သူတွေ လက်အောက်ငယ်သားတွေနဲ့ အ ဆင့်အတန်းမခွဲ အခွင့်အရေးပိုမယူဘဲ ဒိုးတူပေါင်ဖက် လက်တွဲ အလုပ်လုပ်သွားတာဖြစ်ပါတယ်။

အိုအေစစ်ထူထောင်သူတွေဟာ အလုပ်လုပ်ရာမှာ ဇွဲနဘဲနဲ့ မနေမနား ပြင်းပြင်းထန်ထန်လုပ်ကြတာလည်း တူညီကြပါတယ်။ အလုပ် ကို တိုးတက်ဖို့ အမြဲစဉ်းစားကြံဆ စူးစမ်းလေ့လာပြီး လက်တွေ့လုပ်ကိုင်ကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြတယ်ဆိုတာ သူတို့ဖြစ်ပါတယ်။

အရေးအကြီးဆုံးတူညီချက်ကတော့ စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို လူမျိုးမခွဲ ဘာသာမခွဲ လူတန်းစားမခွဲဘဲ တတ်နိုင်သမျှ စိတ်ချမ်းသာခွင့်ပေးဖို့၊ စိတ်လုံခြုံမှုပေးဖို့ အင်မတန်ကြီးမား ဖြူစင်တဲ့စေတနာ ရှိတာဘဲဖြစ်ပါတယ်။

ဂါမဏိ

မှတ်ချက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း (NCGUB အလုပ်သမားရေး ရာဝန်ကြီး) ၏ မယ်တော်ဆေးခန်း အနှစ် (၂၀) အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းကို အခြေခံပါသည်။

နိုက်တင်ဂေး ကျန်းမာရေးဂျာနယ် အတွဲ - ၁၊ အမှတ် - ၁၉၊ နိုဝင်ဘာလ၊ ၂၀၀၉ ခုနှစ်
(ဒေါက်တာစင်သီယာမောင် (၅၀) နှစ်ပြည့် ရွှေရတုမွေးနေ့ အမှတ်တရ)
... မှ ကူးယူတင်ဆက်ပါသည်။







Friday, December 25, 2009

နအဖ၏ ဓါတုလက်နက်ဘေးကာကွယ်ရန် အပစ်ရပ်များပြင်ဆင်

သျှမ်းသံတော်ဆင့်

အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက်အသုံြးုပမည်ဟု သတင်းထွက်ပေါ်လာသဖြင့် တရုတ်နယ် စပ်အပစ်ရပ်များ ထိုအန္တရာယ်ကာကွယ်နိုင်သည့် စစ်ဝတ်စုံထောင်ချီဝယ်ယူစုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ် သည့်သတင်းရပ်ကွက်က ဆို၏။

“ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်းထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ်အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။

နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန် သည့် တရုတ်နယ်စပ်အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ် ထား တိုက်ခိုက်ချေမှုန်းရန် စစ်အစိုးရကတိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များအသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန်အင်အားနဲ့ဝင်တိုက်လို့ရမှာမဟုတ်ဘူးဆိုတာသူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည် တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူးတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။

ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် - ၁။ မူးဝေအော့အန်၊ ၂။ အသက်ရှူ ကြပ်၊ ၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။ ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က - ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက်သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့်စကားများကိုကိုးကား၍ -

“အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြု ရင်မသင့်လျော် ဘူး၊ နိုင်ငံတကာဥပဒေနဲ့ညှိစွန်းတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့အသုံြးုပခဲ့ရတာ’ လို့ပြောဖူးတယ်” ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News နေ့ထုတ်သတင်းစာတွင်ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက်အသုံးပြုခဲ့ ဖူးသည့်သတင်းများထွက်ခဲ့ပါသည်။

ဝဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ၀တပ်ဖွဲ့က ကာကွယ်သွားမည်

ပေါက်ပေါက်/ ခေတ်ပြိုင်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသအတွင်းရှိ တရုတ်ကုမ္ပဏီတို့၏ ရင်းနှီး မြှုပ်နှံမှုများ ပျောက်ပျက်ဆုံးရှုံးမှု မရှိရေးအတွက် ကာကွယ်သွားကြရန် ဝတပ်ဖွဲ့က ဆုံးဖြတ်ထားသည်။

ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဝမ်ဟုန်ဒေသအပါအဝင် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေများအတွင်း ၁၉၉၅ ခုနှစ် ကတည်းကစ၍ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံကိန်းအရ ရာဘာစိုက်ခင်း ဧက (၁) သိန်းဝန်းကျင်၊ လက်ဖက်စိုက်ခင်း ဧက (၃) သောင်းကျော် စိုက်ပျိုးထားပြီး အများစုကို တရုတ်ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံထားသည်ဟု ဝသတင်း ရပ်ကွက်အရ သိရသည်။

ထို့အပြင် စုစုပေါင်း ကီလိုဝပ် (၁၃,၅၉ဝ) ထွက်ရှိသည့် ရေအားလျှပ်စက်ရုံ (၈) ခုရှိပြီး ရာဘာစက်ရုံ၊ သတ္တုမိုင်းများနှင့် သတ္တုသန့်စင် စက်ရုံများလည်းရှိရာ အများစုမှာ တရုတ်ကုမ္ပဏီများနှင့် ဝတပ်ဖွဲ့ အကြား အကျိုးတူဖက်စပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို လုံခြုံမှု အာမခံချက်ပေးရန်အတွက် ဝတပ်ဖွဲ့ခေါင်းဆောင်များက စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ပြီးခဲ့သည့်လ တွေ့ဆုံစဉ်အတွင်း တောင်းဆိုထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့်နဲ့ တွေ့တုန်းက တရုတ်နဲ့ စာချုပ်ချုပ်ပြီး လုပ်နေတဲ့ဟာတွေကိုလည်း အာမခံဖို့ ပြောခဲ့တယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်၊ ထွက် ဂိတ်ပေါက်တွေနဲ့ ဝနယ်ထဲက သတ္တုတွင်းတွေကို ဝတပ်ဖွဲ့ကသာ လုပ်ပိုင်ခွင့်ပြုဖို့ အာမခံချက် တောင်းခဲ့တယ်။ အဲဒါတွေကို ဗိုလ်ရဲမြင့်က လက်မခံတော့ သူတို့ဒေသနဲ့ အဲဒီတရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်သွားဖို့ ဝဗဟို ကော်မတီအရေးပေါ်အစည်းဝေးက ဆုံးဖြတ်ခဲ့တာပဲ” ဟု ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) ခေါ် မိုင်းလား တပ်ဖွဲ့ထိန်းချုပ်ရာ ဒေသအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်နားဒေသနှင့် ဖူအော့မြို့နယ်မှ တရုတ်ကုမ္ပဏီ (၂၁) ခုတို့သည် နှစ်တို၊ နှစ်ရှည်သီးနှံစိုက်ပျိုးရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည်ဟု ယခုနှစ် မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အနှစ် (၂ဝ) ပြည့် ငြိမ်းချမ်းရေးတည်ဆောက်မှု အခမ်းအနားတွင် မိုင်းလားတပ်ဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းကလည်း ပြောကြားခဲ့သည်။


မြန်မာပြည်ဘက်သို့ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်ကုမ္ပဏီအများစုကို တရုတ်အစိုးရက ငွေထုတ်ချေးထားသဖြင့် တရုတ်အစိုးရဘက်ကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေပုံရပြီး မကြာသေးမီရက်ပိုင်းက မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့သည့် တရုတ် ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးကို မြန်မာအစိုးရအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်းသွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာဆက်ဆံရေးအကဲခတ်များက ခန့်မှန်းပြောဆိုနေကြသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းကာလအတွင်း တရုတ်စီးပွားရေးသမားများ၏ ရင်းနှီးမြှုပ်နှံ ထားမှုများ ဆုံးရှုံးနစ်နာမှုအတွက် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင် အစိုးရက နအဖထံ အမေရိကန်ဒေါ်လာ သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသည်။

Thursday, December 24, 2009

နိုင်ငံရေးအကျဉ်းသူ မတင်တင်ထွေး (ခ) မပဲ ထောင်တွင်း သေဆုံးခြင်း

သတင်းထုတ်ပြန်ချက်

၂၄ ဒီဇင်ဘာလ ၂၀၀၉

မတင်တင်ထွေး (ခ) မပဲ (၃၈နှစ်) သည် နှလုံးသွေးကြောပေါက် ရောဂါဖြင့် သာယာဝတီထောင် ဆေးရုံမှ အင်းစိန်သို့ ပြောင်းရွှေ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက် ၂၀၀၉ တွင် ကွယ်လွန်သွားခဲ့သည်။ မတင်တင်ထွေး သည် စက်တင်ဘာလ ၂၆ ရက်နေ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင်ပါဝင် ပတ်သက်မှုဖြင့် အခြားနိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၁၄ ဦးနှင့် အတူ အဖမ်းခံခဲ့ရပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် အာမခံကိုပြန်ရုပ်သိမ်းပြီး နိုဝင်ဘာလ ၂၄ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၀တ္တရား နှောက်ယှက်မှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ အရလည်ကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများမကြားဝံ့ မနာသာအောင် ဆဲဆိုမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရလည်ကောင်း အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ၃လ အမိန့် ချမှတ်ခံခဲ့ရသည်။

ယခုနှစ် ၂၀၀၉ တွင် မတင်တင်ထွေးအပါအ၀င် ဆလိုင်းလှမိုး၊ စောချာလိတ် တို့သုံးဦးသည် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု့ ကောင်းစွာမရရှိသဖြင့် သေဆုံးခဲ့ရသည်။

အေအေပီပီ၏ စုဆောင်းရရှိခဲ့သော မှတ်တမ်းအရ ၁၉၈၈ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်း သူ/သား ပေါင်း ၁၄၃ ယောက်ရှိပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် -

ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁

ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅

အာဏာပိုင်များက တစညကို ပွဲထုတ်ပြီး သွေးတိုးစမ်း

နိရဉ္စရာ
နအဖ စစ်အာဏာပိုင်များက တစညပါတီကို ရခိုင်ပြည်နယ်တွင် စည်းရုံးလူပ်ရှားခွင့်ပြုပြီး လူထု အနေအထားကို သိရှိနိုင်အောင် သွေးတိုးစမ်းနေသည်ဟု စစ်တွေက အမည်မဖေါ်လိုသူ နိုင်ငံရေး သမား တဦးက ပြောသည်။

“ တစည ပါတီကို အခု လောလောဆယ်မှာ ရခိုင်ပြည်နယ်မှာ ပွဲထုတ်ထားပါတယ်။ တစညက လွတ်လွတ်လပ်လပ် သွားလာ လူပ်ရှားလို့ ရနေတယ်။ စည်းရုံးခွင့်လည်း ရထားတယ်။ ဒါပေမယ့် စစ်အာဏာပိုင်တွေက တစညကို ထောက်ခံလို့၊ သူတို့ကို ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲမှာ နိုင်စေချင်လို့ အဲသလိုပုံစံမျိုးလို့ ကျနော်က မယူဆဘူး။ ရခိုင်လူထုတွေရဲ့ သဘောထားက တစည အပေါ်မှာရော ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အပေါ်မှာရော ဘယ်လိုရှိသလဲဆိုတာကို သိချင်တဲ့ အတွက် သွေးတိုးစမ်းတဲ့ သဘောနဲ့ ခုလို လွှတ်ပေးထားတာ ဖြစ်တယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်မှာ နိုင်ငံရေး အထူးတက်ကြွသော ပြည်နယ် တခုဖြစ်သဖြင့် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် နအဖ စစ်အစိုးရဘက်မှ အရှုံးမပေါ် စေရန်အတွက် ယခုအချိန်က စပြီး နိုင်ငံရေး ကျားကွက်ကို ရခိုင်တွင် စတင် ကစားနေသည်ဟု လေ့လာသူများက ပြောသည်။

သို့အတွက် စစ်အာဏာပိုင်များက တစည ပါတီကို ရခိုင်ပြည်နယ်တွင် စစ်တွေ အပါအ၀င် မြို့တချို့တွင် ရုံးခန်းများ ဖွင့်လှစ်ခွင့် ပေးထားပြီး မြို့နယ် အတော်များများတွင် ၂၀၁၀ ခုနှစ်အတွက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ခွင့် ပြုထားခြင်း ဖြစ်သည်။

မောင်တောမြို့တွင်ဆိုလျှင် ရန်ကုန်မြို့မှ မူဆလင် စီးပွားရေးသမား (၂) ဦးဖြစ်ကြသည့် ဦးအောင်နိုင်နှင့် ဦးအောင်ဇော်ဝင်းတို့အား တစည ပါတီအား ထောက်ခံရန် အတွက် အနောက်ပိုင်းတိုင်း တိုင်းမှူးကိုယ်တိုင် မူဆလင်များကို စည်းရုံးရန် ခိုင်းထားသည်ဟု သိရသည်။

“ တစည ပါတီက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေ အကုန်လုံးမှာ စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရနေပါပြီ။ ပီးရင် ပါတီ ပေါ်လစီတွေကို ရေးသား ဖေါ်ပြထားတဲ့ တိုင်းရင်းသတင်းလွှာကို ထုတ်ဝေပီး လူထုတွေကြားမှာ ဖြန့်ဝေ နေတာကိုလည်း တွေ့ရပါတယ်။ စစ်အာဏာပိုင်တွေလည်း အားပေး အားမြှောက်ပြုနေတာကို တွေ့ရတယ်။ လူတွေကတော့ တစညကို ခုလို ပြန်ပေါ် လာတဲ့အတွက် တစညများ ပြန် အာဏာရလာ မလားလို့ ထင်နေတာ တွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း သူ့အနေဖြင့် တစညကို အာဏာရရှိအောင် စစ်အစိုးရက လုပ်ပေးမည် မဟုတ်ကြောင်းနှင့် တစည ပါတီကို အသက်ရှုခွင့် ရရန် အမတ်နေရာ တချို့ကို ရရှိအောင် စစ်အစိုးရက ဖန်တီးပေးနိုင်ကြောင်း သူက ပြောသည်။


ရခိုင်ပြည်နယ်တွင် တခြား လူပ်ရှားနေသော ရခိုင်အမျိုးသား အင်အားစုနှင့် ခမီ အမျိုးသား အင်အားစုများ ရှိသော်လည်း သူတို့ကိုမူ စည်းရုံး လူပ်ရှားခွင့် မပေးဘဲ ကန့်သတ်မူများ ပြုလုပ်ထားသည်ဟု သိရသည်။

စစ်တွေမြို့ ကုန်တန်း ရပ်ကွက်မှ သာမန် အရပ်သား တဦးကို မေးကြည့်ရာ သူက “ အုန်းတပင်၊ နာဇီ၊ ဆင်ကူးလမ်း၊ ရွှေပြား စတဲ့ ရပ်ကွက်တွေမှာ တစညက စည်းရုံးရေး ဆင်းနေတာ မှန်ပါတယ်။ ရပ်ကွက် ရယကနဲ့ ပြည်ခိုင်ဖြိုးတွေလည်း ကူညီနေတာကို တွေ့ရပါတယ်။ ပိုက်ဆံ ပေးတာတွေလည်း ရှိတယ်။ ဒါပေမယ့် တစညမှာ ပါတဲ့ လူကြီးတွေက မဆလ တဖြစ်လဲဆိုတော့ လူတွေက သိပ်မထောက်ခံတဲ့ အတွက် သူတို့ စည်းရုံးရေးက သိပ်အောင်မြင်တာကို မတွေ့ရပါဘူး” ဟု ပြောသည်။

နအဖ စစ်အစိုးရမှ ၂၀၁၀ ခုနှစ်တွင် ရွှေးကောက်ပွဲ ပြုလုပ်ရန် ကျေညာထားသော်လည်း ရွှေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ရွှေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်း မရှိသေးသဖြင့် ရခိုင် လူထုအကြားတွင် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုမူများ ထွက်ပေါ်လျှက်ရှိသည်။

Wednesday, December 23, 2009

အမှန်တရားသည် သေဒဏ်နှင့်အမိမြန်မာပြည်

မြန်မာပြည်ကြီး၏ ကံကြမ္မာသည် အသက်ထွက်ခါနီးလူမမာတစ်ယောက်ပမာ ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေ၊ လူတိုင်းရင်မှာတော့ သောကအထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာကိုယ်စီဆွဲထားခြင်းကိုခံနေကြရပြီ၊ ထမင်းရေတစ်ခွက်ကို နတ်သုဒ္ဓါလိုထင်မှတ်ကာ သောက်ဖို့ချောင်းနေကြတဲ့ သူတောင်းစားခွက်ပျောက်တွေကလဲ အလျှိုလျှိုပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွားအမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်းများစွာနဲ့……….။

ဒီလိုပြော ဒီလိုမောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ဘ၀တွေကိုအဆုံးသတ်ခံကြတော့မလား၊ငါတို့ဟာ ငတုံးငညံ့တွေအဖြစ် ငါတို့ရဲ့ သားစဉ်မျိုးဆက်တွေအတွက် ချန်ထားရစ်ခဲ့ကြတော့မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်းမရှိကြတော့တဲ့ လူသားတွေအဖြစ် မိမိကိုယ်မိမိ သတ်မှတ်လိုက်ကြပြီလား၊ မကောင်းမှန်းလဲသိတယ်၊ မဖြစ်သင့်မှန်းလဲသိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲလုပ်ဆိုတဲ့ တရားမျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့်အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ်ရဲတဲ့သတ္တိတွေ မပြကြတော့ဘူးလား၊ သာကီမျိုးဟေ့ဒို့ဗမာဆိုတာတွေရော ပုံပြင်တွေအဖြစ် စာအုပ်တွေထဲမှာ ကျန်ရစ်ခဲ့ကုန်ပြီလား…….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်းစုတ်ပြတ်ရိရွဲနေတဲ့ သီအိုရီကို လက်မခံ တွန်းလှန်ဖယ်ရှားပစ်ရေးသည် မြန်မာနိုင်ငံသားမှန်သမျှ မဖြစ်မနေလုပ်ဆောင်ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန်ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန်ကျေပွန်ရမည်၊ သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်းပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့်လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်လုံးဝလွတ်လပ်ရေးဟူသောတစ်ခုတည်းသောခေါင်းစဉ်ကိုအမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ပီပီပြင်ပြင်ချမှတ်နိုင်ခဲ့သည်။အမျိုးသားရေးတာဝန်ကိစ္စကိုပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသားနိုင်ငံရေးဆိုသည့်မူကိုချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင်သွားနိုင်ခဲ့သည်။ဗိုလ်ချုပ်သည်သူချစ်သည့်မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအတွက် သူ့အသက်ကိုပေးစွန့်ပြီး တာဝန်ကျေပြွန်စွာလွတ်လပ်ရေးကိုအရယူပေးနိုင်ခဲ့သည်။


မြန်မာပြည်သည် စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပြားပြာမှောက်ခဲ့ရသဖြင့် အဆင့်အတန်းမမီ ဆင်းရဲမွဲတေသည့်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကိုခဏတာဘေးဖယ်ထားပီး တိုင်းပြည်တစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စတာတွေ ဘယ်အဆင့်အတန်းရောက်နေသလဲဆိုတာ ဝေးဝေးလံလံပြေးကြည့်စရာမလိုပါ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ့ရှင်းကနဲတွေ့မြင်နိုင်ပါတယ်။ ပြည်သူတွေရဲ့ခံစားနေရတဲ့ဒုက္ခအထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။
ပညာမဲ့သူတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်ကပညာမဲ့တဲ့တိုင်းပြည်ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက်လူရမ်းကားတွေပေါများလာတယ်၊ ကြီးနိုင်ငယ်ညှင်းဆိုတဲ့ တိရစ္ဆာန်ဝါဒတွေခေတ်စားလာတယ်၊ ဗုဒ္ဓဘာသာကြီးစိုးတဲ့တိုင်းပြည်၊ ကိုယ်ချင်းစာတရားတွေအပ်ကြောင်းထပ်နေအောင် ထားစရာနေရာမရှိလောက်အောင်ပြန့်နှံ့ ခဲ့သည့်တိုင်းပြည်၊ ဒီတိုင်းပြည်မှာဒီနေ့ ဒီတရားတွေမရှိတော့ဘူး၊ အာဏာနဲ့ငွေရှိဖို့ပဲလိုတယ် ကျန်တာတွေ ဘာတစ်ခုမှအရေးမကြီးဆိုသည့် မှားယွင်းသည့်အယူအဆတွေ၊အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့စီးဝင်လျှက်ရှိနေပေပြီ။ ဒီလိုတရားမရှိထင်ရာစိုင်းအုပ်ချုပ်နေတဲ့သူတွေက တည်ဆောက်ပါမယ်ဆိုတဲ့ဒီမိုကရေစီက ဘာဒီမိုကရေစီလဲဆိုတာ တိရစ္ဆာန်ပင် နားလည်နိုင် မည်ထင်ပါသည်။
မဟုတ်မဟတ်ယုံတမ်းစကား ပလီပလာ မာယာပရိယာယ်အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော်အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖခေါ်သည့်စစ်အုပ်စုသည် သန်း(၅၀) ကျော်သောပြည်သူတွေကို ၂၀၁၀ သေတွင်းမီးလောင်တိုက်ထဲသို့ ပို့ဆောင်နေကြပြီဖြစ်သည်။ နာဇီဂျာမန် ဟစ်တလာသည် ဂျူးလူမျိုးတို့အား မီးလောင်တိုက်သွင်းခြင်းက တစ်ကြိမ်တစ်ခါသာသေခဲ့ကြရသည်။ ၂၀၁၀ မီးလောင်တိုက်ကတော့ သားစဉ်မျိုးဆက် အကြိမ်ကြိမ်သေကြရမည့် မီးလောင်တိုက်ကြီးတစ်ခုဖြစ်နေသည်ကို သိရှိနားလည် သဘောပေါက်ကြရန် အထူးအရေးကြီးလှပေသည်။
တိုင်းပြည်တစ်ခုပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့အရေးကြီးပေသည်။အချင်းချင်းသစ္စာရှိရမည်၊ အပြန်အလှန်နားလည်မှုတည်ဆောက်ကြရမည်။ ပြည်သူလူထုအကျိုးကိုရှေ့ရှုပြီး တိုင်းပြည်အကျိုးစီးပွားကို အတူတကွအားလုံးပူပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုးမုန်းတီးရေးဝါဒ တွေကို စွန့်လွတ်ကြရမည်၊စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာအားထားရာ ဟူသည့် ဆင်ကန်းတောတိုး စရိုက်တွေကို ပြုပြင်ပြောင်းလဲပစ်ရမည်ဖြစ်သည်။
ထိုကဲသို့သော ယုံကြည်မှုမျိုးကိုတည်ဆောက်ဖို့မကြိုးစားပဲ အမှန်တရားသည် သေဒဏ်အဖြစ် သတ်မှတ်ကာ လက်နက်အားကိုး အာဏာအားကိုးပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ညှင်းပမ်းနှိပ်စက် ထင်တိုင်းကြဲကြဦးမည်ဆိုပါက ။

တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)
၂၃.၁၂.၂၀၀၉


ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင် နှိပ်စက်ခံရမှုကို ကုလသမဂ္ဂသို့ အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့


မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ကို မြန်မာစစ်အာဏာပိုင်တွေက အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတဲ့အပြင် ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း ကျူးလွန်နေတယ်ဆိုပြီး ၀ါရှင်တန်ဒီစီ အခြေစိုက် Freedom Now ခေါ် ဥပဒေ အကျိုးဆောင် အဖွဲ့က ဒီအမှုကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ မန်းဖရက်ဒ် နိုဝပ်ခ် (Mr. Manfred Nowak) ဆီကို December 22 ရက်နေ့က အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့လိုက်သည်ဟုသိရပါသည်။

လုပ်အားခိုင်းစေမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု ပိုများလာ

ဒီဇင်ဘာလ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုနှစ် နိုဝင်ဘာလကတည်းက ကရင်ပြည်နယ်၊ တောင်ငူဒေသအတွင်း လုပ်အားခိုင်းစေမှု များလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု လည်း ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သံတောင်နှင့် ထန်းတပင်မြို့နယ် စပ်ကြားဒေသများအတွင်း အခြေစိုက် လှုပ်ရှားနေ သော နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၅)လက်အောက်ခံ တပ်ရင်း၊ စစ်ကြောင်းများက ၎င်းတို့ တပ်စခန်းများ ပြုပြင်ဆောက် လုပ်ရန်နှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရန် ပြီးခဲ့သည့်လမှစ၍ ဒေသခံရွာသူရွာသားများကို ခေါ်ယူခိုင်းမှု ပိုမို လုပ်ဆောင်လာသည့် အတွက် နယ်မြေခံ ကေအဲန်အယ်လ်အေတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု များလာခြင်းဖြစ်သည်။

ယခု ဒီဇင်ဘာလဆန်းမှစ၍ အဆိုပါ နအဖတပ်နှင့် ကေအဲန်အယ်လ်အေတပ်တို့အကြား နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ထိုတိုက်ပွဲများကြောင့် ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်သေဆုံးမှု မရှိသော်လည်း နအဖတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ သည်။

ဒီဇင်ဘာ ၁၆ရက်နေ့က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ တိပ်ပု(ဖလေးဆာလို)ဂွင်တွင် အခြေစိုက်သည့် နအဖ- စကခ (၅) လက်အောက်ခံ တပ်ရင်းတရင်းက ၎င်းတို့ဗျူဟာမှူးနှင့်အတူ တိပ်ပုစခန်းမှ သပြေညွန့်စခန်းသို့သွားရန် ကမူလိုနှင့် ထီးမူထာ့အ ကြားတွင် ရောက်ရှိစဉ် နယ်မြေခံ ကေအဲန်အယ်လ်အေတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ဗျူဟာမှူးအပါအဝင် တပ်ဗိုလ်တပ်သား ၁၄ဦး ကျဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယခုလ ၂၂ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယခုလ ၁၈ရက်နေ့တွင် အဆိုပါမြို့နယ်အတွင်းရှိ ကလောမီးဒဲနှင့် ပလက်ဝါ့ဒေသအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၅ဦး ကျဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး လွန်ခဲ့သော ၁၁ရက်နေ့ကလည်း သံတောင်မြို့နယ်ရှိ ခလယ့်လာ(ဘောဂလိ) နှင့် မော်ကိုဒဲဒေသအကြားတွင် နအဖ စကခ(၅)လက်အောက်ခံတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ကြောင့် နအဖဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီးတဦး အပါအဝင် ၇ဦးကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း ကေအဲန်ယူ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။


တောင်ငူဒေသအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ နအဖဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသော်လည်း ကေအဲန်ယူ တောင်ငူခရိုင်မှ တာဝန်ရှိသူတဦးက “နအဖတပ်တွေ ကျနော်တို့ဒေသမှာ ဝင်ရောက်လှုပ်ရှားနေသရွေ့၊ လူထုတွေအ ပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေသရွေ့တော့ တိုက်ပွဲတွေ ဖြစ်နေဦးမှာပဲ”ဟု ကေအိုင်စီကို ပြောဆိုခဲ့သည်။

အဆိုပါ တောင်ငူဒေသများအတွင်း လှုပ်ရှားနေသော နအဖ စကခ(၅)မှူး ဗိုလ်မှူးကြီးခင်မောင်ဆင့်၏ ညွန်ကြားချက်ဖြင့် ယခုလ ၁၀ရက်နေ့ သံတောင်မြို့နယ်ရှိ ဒဲဒို့ရွာသူရွာသား ၁၇၅ဦး၊ မော်ကိုဒဲရွာသူရွာသား ၁၂၅ဦး၊ ပယ်ကော်ဒဲရွာသူရွာသား ၄၀၀ဦးကို ခေါ် ယူပြီး ၎င်းစစ်ကြောင်းတပ်စခန်းတည်ရှိရာ ဘောဂလိမှ မော်ကိုဒဲစခန်းသို့ တပ်ရိက္ခာများ သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံ များက ပြောသည်။

အလားတူ ပြီးခဲ့သော နိုဝင်ဘာလကလည်း အဆိုပါဒေသမှ ရာနှင့်ချီသည့် ရွာသူရွာသားများကို ခေါ်ယူခိုင်းစေခြင်း၊ ရွာသားများ၏ ကားများ၊ ဆိုင်ကယ်များကိုလည်း ချောဆွဲအသုံးပြုခဲ့ခြင်းကြောင့် ယခုလ ဒီဇင်ဘာ ၃ရက်နေ့က ဘောဂလိနှင့် ကော်သေးဒဲရွာသူရွာ သားများ၏ ကား(၈)စီးကို တပ်ရိက္ခာသယ်ပို့ရန်အတွက် ခေါ်ယူအသုံးပြုရာ ကားတစီးမိုင်းထိ၍ ရွာသား ၁ဦး သေဆုံးကာ ၂ဦး ဒဏ် ရာရရှိခဲ့သည်။

ကေအဲန်ယူ တောင်ငူဒေသတွင် နအဖ စကခ (၅)မှ ခမရ (၃၄၆၊ ၃၇၀၊ ၃၇၂၊ ၃၇၃၊ ၅၄၂၊ ၅၄၃၊ ၅၄၄၊ ၅၆၂၊ ၅၆၃၊ ၅၆၆) တပ် ရင်းများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခမှ တပ်ရင်းများ အခြေစိုက်လှုပ်ရှားလျှက်ရှိပြီး တပ်စခန်း စုစုပေါင်း ၇၈ခု ရှိသည်ဟု သိ ရသည်။

ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်နေရာယူ

ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀၀ရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀၀ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူတောင်းထားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။

သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျနော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီကေဘီအေ တပ်အင်အား ၁၀၀ကျော် ထပ်ခေါ်ထားပြီးတော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ နေရာယူတယ်။ နောက်ထပ် ထပ်ခေါ်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူခေါ်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့လုပ်ငန်း(ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လားတော့ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းတပ်ရင်းတို့ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရသေးသော်လည်း လတ်တလောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူးပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့ဝေါ်၊ လယ်မူပလော၊ ဆောမူပလော၊ ဆောထာ့ စသည့်နေရာများတွင် စစ်တပ်ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ကေအဲန် ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ရှိုးကျိုးနှင့် ခေးပူတို့နယ်မြေတို့တွင် ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူးဒေသ အခြေစိုက် ဒီကေဘီအေ ဗဟိုဌာချုပ်သို့ ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ယူ တုန့်ပြန်ဖြေကြားမည့်သူ မရှိပါ။

ဒီကေဘီအေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းအ တွက် အကြောင်းပြကာ တပ်အင်အား ၆၀၀ကျော်နှင့်အတူ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်းချောင်းနားတွင် ၀င်ရောက်နေရာယူခဲ့သော်လည်း လူထုအပေါ် ဖိအား ပေးမှု တစုံတရာ မရှိသေးပေ။

ကေအဲန်ယူ တပ်မဟာ ၅နယ်မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထိုဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်အယ်လ်အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအ၀င် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းအရ သိရ သည်။

ရုရှားကမြန်မာစစ်အစိုးရကို MiG-29 အမျိုးစား တိုက်လေယာဉ် အစီး ၂၀ ပေးမယ်ဆိုပဲ


မြန်မာစစ်အစိုးရကို MiG-29 အမျိုးစား တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား ထားသည်။

ရုရှမှ MiG-29 တိုက်လေယာဉ် အစီး (၂၀) မြန်မာသို့ ပို့ရန်ရှိ


(ခေတ်ပြိုင်) NEJ / ၂၃ ဒီဇင်ဘာ ၂၀၀၉

ရုရှနိုင်ငံက MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုး လိုက်ကြောင်း ယနေ့ထုတ် Kommersant သတင်းစာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ လက်မှတ်ရေထိုးခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိသည်ဟု Rosoboronexport ရုရှလက်နက်အရောင်းကုမ္ပဏီကို ကိုးကားပြီး သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်ကလည်း MiG-29 အမျိုးအစား လေယာဉ် (၁၂) စီးကို ရုရှက မြန်မာနိုင်ငံသို့ ပို့ပေးခဲ့ကြောင်း၊ ယခုတကြိမ် မြန်မာနိုင်ငံနှင့် သဘောတူညီမှုသည် ၂၀၀၇ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံသို့ အလားတူ လေယာဉ်များ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း တန်ဖိုးအများဆုံးဖြစ်ကြောင်း Kommersant သတင်းစာတွင် ပါရှိသည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နှင့်အိန္ဒိယတို့အပြင် ရုရှနိုင်ငံကပါ လက်နက်များ လက်ခံရရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ၏ စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိထောင် ၃၅ နှစ်ကျနေသော ကိုဇာဂနာ လွတ်မြောက်ရေး AI ခေါ်လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ခွဲ၏လှုပ်ရှားမှု

Tuesday, December 22, 2009

Burma VJ မှတ်တမ်းတင်ဇာတ်ကား စင်္ကာပူတွင် ရုံတင်မည်


စင်္ကာပူ (ဒီဇင်ဘာ ၂၃) - ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို အခြေခံ၍ မှတ်တမ်းတင် ရိုက်ကူးထားသည့် Documentary ဇာတ်ကားဖြစ်သော Burma VJ (Reporting from a closed country) အား စင်္ကာပူရှိ Cathay ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသသွားမည်ဟု သိရသည်။

ထိုဇာတ်ကားကို ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ဆိုသူက ရိုက်ကားထားပြီး ပြသချိန် ၈၄ မိနစ် ကြာမြင့်သည်။ ထိုဇာတ်ကားသည် Sundance ရုပ်ရှင်ပွဲတော်တွင် World Cinema Documentary Film Editing Award ၊ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် Golden Gate Persistence of Vision Award အစရှိသည့် ဆုတံဆိပ်များအပြင် အခြား ဆုတံဆိပ်ပေါင်း ၃၃ ခု ရရှိခဲ့သည်။

ထို့ပြင် ၂၀၁၀ ခုနှစ် အကယ်ဒမီ အော်စကာဆု လျာထားသည့် Best Documentary ဇာတ်ကား ၁၅ ကား စာရင်းတွင် လျာထားခြင်း ခံခဲ့ရပြီး အော်စကာဆုအတွက် နောက်ဆုံး ဆန်ကာတင် ၅ ကား စာရင်းကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာမည် ဖြစ်သည်။ အော်စကာဆုပေးပွဲကိုမူ မတ်လ ၇ ရက်နေ့တွင် ဟော်လီးဝုဒ်၌ ကျင်းပသွားမည် ဖြစ်သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၄)တွင်လည်း ထိုဇာတ်ကား၏ အညွှန်းကို ဖော်ပြထားသည်။

အဆိုပါ ဇာတ်ကားကို စင်္ကာပူတွင် NC16 ဟု သတ်မှတ်ထားပြီး ဤနေရာ မှတဆင့် ကြိုတင်လက်မှတ် ၀ယ်ယူနိုင်သည်ဟု သိရသည်။





(သံလွင်သတင်း)

၂၀၀၈ ဥပဒေကို ဖျက်သိမ်းမည်ဟု အတိုက်အခံများ ပြော

နယူးဒေလီ (မဇ္စျိမ)။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု ဗြိတိန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြောဆိုသည်။

သူတို့က ယခုလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ‘မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ညီလာခံ’ ကို ကျင်းပခဲ့ပြီးနောက်၊ စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ အခြေခံ ရပိုင်ခွင့်နှင့် တန်းတူညီမျှမှု မရှိခြင်း၊ နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ညီလာခံတက်ရောက်သည့် Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိမ်းက ပြောသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရရအောင် ကျနော်တို့ ဖျက်ရမယ်။ ဘယ်လို အတိုင်းအတာပဲဖြစ်ဖြစ် မရရအောင် ဖျက်ကိုဖျက်ရမှာက ကျနော်တို့ တာဝန်ဖြစ်တယ်” ဟု သူက ဆိုသည်။

“ဒီဥပဒေကို အတည်ပြုလိုက်ပြီး အသက်သွင်းလို့ရှိရင် ပြည်သူတွေ စစ်အာဏာရှင် စနစ်အောက်မှာ တသက်လုံး ကျွန်ဆက်ခင်းသွားရမယ် ဆိုတဲ့ဟာကို ပြည်သူတွေ အားလုံး ပိုမိုသိရှိပြီးတော့ ကိုယ့်အခွင့်အရေးကို ပိုပြီး တိုက်ယူရဲလာအောင်၊ တောင်းယူရဲအောင် သတင်းတွေကို ဖြန့်ဖြူး လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သူက ဆိုသည်။

ဗြိတိန် အခြေစိုက် ချင်းလူမျိုးများနှင့် မြန်မာခရစ်ယာန် ဘာသာဝင်များကို ကိုယ်စားပြု တက်ရောက်ခဲ့သည့် သိက္ခာတော်ရ ရွှီကီးဟွေပန် (Rev. Shwekey Hoipang) ကလည်း တိုင်းရင်းသား လူမျိုးများကို မကာကွယ်နိုင်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြုပြင်သင့်ကြောင်းနှင့် မပြုပြင်လျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြောသည်။


"ဒီဖွဲ့စည်းပုံက ကျနော်တို့ ချင်းတိုင်းရင်းသားများပါမက တိုင်းရင်းမျိုးနွယ်စုတွေကို လုံခြုံမှု၊ ကာကွယ်မှု မပေးနိုင်ဘူး။ ဒါကြောင့် မြန်မာပြည်အတွက် အကျိုးမရှိတဲ့အတွက် ပြုပြင်ရမယ်။ မပြုပြင်ရင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး" ဟု သူက မဇ္စျိမကို ပြောသည်။

ညီလာခံကို ဗြိတိန် အခြေစိုက် ဥရောပနိုင်ငံများရှိ မြန်မာလူမျိုးများဖိုရမ် (Forum of Burmese in Europe - UK) မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုဖိုရမ်ထဲတွင် BDC လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

BDC သည် လန်ဒန်အခြေစိုက် အဖွဲ့တခုဖြစ်ပြီး၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နာယကများအဖြစ် ဆရာတော် ဦးဥတ္တရ၊ ဒေါက်တာ ဆလိုင်း ထွန်းသန်း၊ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်၊ ကချင်အမျိုးသား ဒူးဝါး M Zaw Aung ၊ ဒေါက်တာ ခင်ဝင်းနွယ်၊ ဒေါက်တာ ခင်စိန် စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

ညီလာခံသို့ Burma Campaign UK ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB (ဥရောပ) ၊ မြန်မာမူဆလင်အဖွဲ့ BMA ၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ IBMO ၊ မြန်မာရိုဟင်ဂျာအဖွဲ့၊ မြန်မာအမျိုးသမီးများ (ဗြိတိန်) စသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ဗြိတိန်အခြေစိုက် တိုင်းရင်းသား ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ရာ လူအင်အား ၆၀ ခန့် ရှိသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် အုပ်ချုပ်ရေး ကဏ္ဍတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးပါက စစ်တပ်ကြီးစိုးသည့် နိုင်ငံရေး စနစ်မျိုးကိုသာ ဖော်ဆောင်လိမ့်မည်ဟု ညီလာခံ တက်ရောက်သူများက ယုံကြည်ကြသည်။ ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့်ပါ ကိုက်ညီမှု မရှိသဖြင့် ပြန်လည် ပြုပြင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။

“အခြေခံ ဥပဒေကြီး ဒီအတိုင်းဖြစ်နေရင် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုမှ မဝင်သင့်ဘူးဆိုတဲ့ အခြေခံမူက ရှိတယ်ခင်ဗျ။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေက တညီတညွတ်တည်း သဘောတူထားတယ်ခင်ဗျ။ ပြည်သူတွေဘက်ကလည်း ဒီကိစ္စတွေဟာ တရားသလား၊ မတရားဘူးလားဆိုတဲ့ အချက်အပေါ် သေချာ ဆုံးဖြတ်နိုင်အောင် ကျနော်တို့ သတင်းစကား ပေးသွားမှာပါ” ဟု ဦးမျိုးသိမ်းက ပြောသည်။

ယခုလ ၂၁ နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ လာမည့်နှစ်တွက် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည် မဟုတ်ကြောင်း ရေးသားထားသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း လမ်းပြမြေပုံပါ ၇ ချက်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု မကြာသေးခင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် ကျင်းပမည်ကို သူက အတိအကျ မပြောသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများလည်း ထုတ်ပြန်ခြင်း မရှိသေးပါ။

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးလျှင် စစ်တန်းလျား ပြန်မည်ဟု ကတိပြုခဲ့သည့် စစ်အစိုးရ၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရန် ဦးမျိုးသိမ်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်ရတော့ အာဏာ လွှဲမပေးတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့ဆက်လုပ်ဖို့ လုပ်နေတာဟာ အဓိပ္ပာယ်ရှိပါသလား၊ ပြောနေတဲ့လူတွေရဲ့ စကားကရော Credibility (ယုံကြည်လက်ခံနိုင်စွမ်း) ရှိပါသလား၊ accountability (တာဝန်ခံမှု) ရှိပါရဲ့လားဆိုတာ ဒါကို ပြန်သုံးသပ်ဖို့ လိုပါမယ်” ဟု သူက ဆိုသည်။

ထိုညီလာခံကို လာမည့်လအတွင်း ဥရောပနိုင်ငံများရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံကာ လုပ်ငန်းများ ခွဲဝေပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး လှုပ်ရှားမှုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ



ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။

“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။

ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။

မျှဝေပေးသူ ဖြိုးဝေ mmp အားအထူးကျေးဇူးတင်ပါသည်။

Monday, December 21, 2009

တရုတ်ဒုသမ္မတ မြန်မာနိုင်ငံသို့ လာရောက် သဘောတူညီချက် (၁၆) ခု လက်မှတ်ရေးထိုးသွား



တရုတ်ဒု-သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ (၂) ရက်ကြာ အလည်ပတ်ခရီးစဉ်အဖြစ် ယခုလ (၁၉) ရက်၌ မြန်မာနိုင်ငံသို့ လာရောက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၆) ခု လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရေး စသည့်သဘောတူညီချက် (၅) ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် (၇) ခု၊ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် (၃) ခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသဘောတူ ညီချက် (၁) ခု စုစုပေါင်း သဘောတူညီချက် (၁၆) ခုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်သည် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း နအဖဘက်က သတင်းထုတ်ပြန်ထားပြီး သူ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။



ဒုသမ္မတ Xi သည် ၂၀၁၂ တွင် ပါတီခေါင်းဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၃ တွင် သမ္မတ အဖြစ်လည်းကောင်း ရာထူး လွှဲပြောင်းရယူမည် ဖြစ်သည်။ ၎င်း၏ ဒေသတွင်း ၄ နိုင်ငံ ခရီးစဉ်မှာ ဂျပန်နိုင်ငံတွင် စတင်ခဲ့ပြီး ကမ္ဘာဒီးယားသို့ သွားရောက်ပြီးနောက် အင်္ဂါနေ့တွင် အဆုံးသတ်မည် ဖြစ်သည်။

ကုသိုလ်ရပါတယ်ဖြန့်ဝေပေးပါ။

ဒီပို့ စ်ကို မျှဝေတင်ပို့ သူ Co2zenith အကြောင်းအရာ HELP, NOTICE

အားလုံးသော မြန်မာပြည်သူ/သား အပေါင်းတို့ခင်ဗျား -
မိသားစု တစု တွင် ကွဲကွာနေသော သူများ၊ပျောက်ဆုံးသွားသော သူများ ကို ပြန်လည်တွေ့ရှိခြင်း(သို့)သတင်း

အစ အန ရရှိခြင်းများ ဖြစ်ပေါ်လာပါက ၄င်း မိသားစု ကိုယ်စား မုဒိသာ ဖြစ်မိကြမယ်ဆိုတာ မြန်မာတွေရဲ့ စိတ်ဓါတ်ပါပဲ။ ခုလည်း အနှစ် ( ၂၀ ) ကျော် ကွဲကွာသွားသော အောက်ပါ ကိုပန်းကြည်(ခ)ဖိုးမဲ ကို ကျနော်တို့ရဲ့ အတက်ပညာ၊အသိပညာ များဖြင့် ရှာပေးလိုက်ကြရအောင် ဗျာ- မိသားစု တိုင်း ပေါင်းစည်းနိုင်ကြပါစေ။
ကျော်ကျော်(တာဝန်ခံ)
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ
www.thebestmanure.org

ဦးအုန်းညွန့်+ဒေါ်အုန်းညွန့် မိသားစု သထုံမြို့နယ် ၊ ဘင်လှိုင်ရပ်ကွက်၊ဦးဖြူလမ်းမှာနေထိုင်ကြပါတယ်။ အဲဒိထဲကမှ ကိုပန်းကြည်(ခ)ဖိုးမဲ၊ကိုပန်းလှ(ခ)လယ်ဖော
မမြင့်ကြည်၊မခင်အုန်း၊အေးအေးသင်း(ခ)မိချို တို့ဆိုတဲ့မောင်နှမတတွေ ရှိခဲ့ကြပါတယ်။ ကိုပန်းကြည်(ခ)ဖိုးမဲ ဟာ၁၉၈၈ ခုနှစ် ( ၅ ) လပိုင်းတွင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာ ယနေ့ ထိ ဖြစ်ပါတယ် ။ ထို့ကြောင့် ညီမ ဖြစ်သူ မခင်အုန်း မှာ အကိုပျောက်ကို လိုက်လံ ရှာဖွေရင်း ထိုင်းမြန်မာနယ်စပ်ကို ရောက်ရှိလာပါတယ်။ အိမ်ထောင်ရက်သားကျ၊သားသမီး(၂)ယောက် ထွန်းကားခဲ့ပေမဲ့ ယနေ့ထိ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အကိုပျောက်ကို ရှာဖွေနေဆဲပါ။ ထို့ကြောင့် ကိုပန်းကြည်(ခ)ဖိုးမဲ မှ သို့မဟုတ် အသိသူငယ်ချင်းများမှ သိရှိသည်၊သက်ရှိထင်ရှားရှိသည်ဆိုပါက အောက်ပါ လိပ်စာ အတိုင်း အမြန်ဆက်သွယ်ပေးကြပါလို့ အကြောင်းကြား အကူညီတောင်းခံလိုက်ပါတယ်။
ဆက်သွယ်ရန်လိပ်စာ
ညီမ
သိုးမွှေး လိုင်းဆရာ ကိုလတ် + မခင်အုန်း
ATA မျှစ် / သိုးမွှေး စက်ရုံ
ရုံးဖုန်း ၀၅၅၅၄၄၄၇၀
ခေတ္တ မဲဆောက်
နောက်တယောက်က ကိုခိုင်ရွှေ၊ လှိုင်းဘွဲ့သား ၊ သူ့အမ နံမည်က မခင်မြင့်ဝင်း သူ့ယောက်ဖ နံမည်က ဦးဇော်လင်း အဲဒိကိုခိုင်ရွှေလည်း ပျောက်နေတယ် သူကတော့ ထိုင်းမှာ ရှိတယ်ပြောတယ် ။ သူ့ကို တွေ့ရင်တော့ ပြောပေးပါ ။ ကိုကျော်ကျော် ဖုန်း ၀၈၇၅၇၁၆၂၀၉ ကို ဆက်သွယ်ပါလို့

Saturday, December 19, 2009

ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လိုဟာတွေလဲ

ရဲဘော်ဖိုးသံချောင်း


အခုနောက်ပိုင်း ဗမာပြည်နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတဲ့ဝေါဟာရကို အတော်ပြောဆိုသုံးနှုန်းနေကြတာ တွေ့ရ၊ ကြားရပါတယ်။ အထူးသဖြင့် နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတာနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ လုပ်လာကြတဲ့နောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒီတော့ သဘာဝကျစွာပဲ ဒီနေ့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ ကြွေးကြော်နေသူတွေကို ပြန် စောကြောမိပါတယ်။ ဘယ်လိုလူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ဘာ့ကြောင့်ပြောနေတာလဲ။

ဒီနေရာမှာ ဖြတ်ပြောသင့်တယ်ထင်တာတခုက နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကြေညာကြတာမျိုး အင်မတန်ရှားပါတယ်။ အဓိကကတော့ တိကျတဲ့ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံရေးခွင်ကြီးတခုရဲ့ အခြေအနေကိုလိုက်ပြီး သုံးသပ်သူတွေ၊ မီဒီယာတွေက သတ်မှတ်တာ ပြောဆိုတာများပါတယ်။ ဒါပေမယ့် ဒီနေ့ဗမာပြည်က နအဖစစ်ဒီမိုကရေစီ ခေတ်မှာကျတော့ ဒီလူတွေ၊ ဒီအဖွဲ့တွေဟာ သူများထက်ထူးပြီး ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ မိတ်ဆက်ပြီး ကားလိပ်ရှေ့ထွက်လာကြတာ တွေ့နေရပါတယ်။

ပထမဆုံးအားဖြင့် အဲဒီလိုပြောနေသူတွေထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့်သူဆိုတာနဲ့ မဝင်မယ့်သူဆိုတာရယ်လို့ခွဲရင် ရမယ်ထင်ပါတယ်။ ရွေးကောက်ပွဲကို မဝင်ဘူးလို့ပြောပြီး ဒီအယူအဆကို တွင်တွင်ဖြန့်နေသူ၊ သူတို့နဲ့မတူသူတွေကို ရန်တွေ့နေ သူတွေကတော့ သဘောတရားရေးဆရာကြီးတွေဖြစ်ပါတယ်။ သူတို့မှာ အာဏာ-အခွင့်အရေး ရည်မှန်းချက်မရှိဘူး၊ စေတနာ သန့်သန့်နဲ့ ဒီအယူအဆတွေကို ဖြန့်နေတာလို့ ဆိုနေကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် တချိန်ကတော့ သူတို့ဟာ တခြားအဖွဲ့အစည်းတွေမှာ တခြားအယူအဆတွေအတွက်လည်း သဘောတရားဆရာကြီးတွေလုပ်ဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ သတိမပြုမိဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံတကာ စာမျက်နှာတွေပေါ်ကနေ ရှာတွေ့လို့ရသမျှ၊ အသုံးတည့်မယ် ထင်သမျှကို ဆွဲယူပြီး ဗမာပြည် နိုင်ငံရေးနဲ့ အတင်းဆွဲစပ်ပေးတာပါ။ သူတို့ဟာ သူများတွေကိုတော့ စာအုပ်ကြီးသမားတွေ၊ တရားသေသမားတွေလို့ ပုတ်ခတ်တိုက်ခိုက်ပြီး သူတို့ကိုယ်တိုင်ကတော့ စာအုပ်ကြီး- စာအုပ်ကလေး၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ လက်လှမ်းမီသမျှထဲကနေ နအဖဗိုလ်ချုပ်တွေ မနောခွေ့မယ်ထင်သမျှကို ဆွဲယူကိုးကား နေကြတာဖြစ်ပါတယ်။ နအဖစစ်အုပ်စုဖြစ်စေချင်တဲ့ လာမယ့်ရွေးကောက်ပွဲကို ဝင်ဖို့ သဏ္ဌာန်မျိုးစုံ၊ အသုံးအနှုန်းမျိုးစုံနဲ့ နှပ်ကြောင်းပေးရေးပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် “တတိယအုပ်စု”၊ တတိယလိုင်း” ဆိုသူတွေအထဲမှာတော့ လူပေါင်းစုံတွေ့ရပါတယ်။ စစ်အုပ်စုထိပ်သီး တွေနဲ့ပေါင်း၊ ကျိကျိတက်ချမ်းသာနေတဲ့ ပညာရှင်ဆိုသူတွေပါသလို လက်ကိုင်ဖုန်းလေးရ၊ ဓာတ်ဆီဆိုင်ပါမစ်လေးရတာနဲ့ စစ် အစိုးရပြောစေချင်သမျှ ပြောနေတဲ့လူတွေလည်းပါပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ဗမာပြည်နိုင်ငံရေးလောက ဝေါဟာရအရ ‘အပျက်’ လို့ ဆိုရမယ့်လူတွေ ဖြစ်ပါတယ်။ ဗကပပျက်၊ မဆလပျက်၊ အလံနီပျက်၊ ပမညတပျက်၊ နောက်ဆုံး ဒီချုပ်အပျက်တောင် ပါပါတယ်။ အားနာနာနဲ့ထောက်ပြရရင် ဒီအထဲမှာ ဗြောင်တမျိုး၊ တိတ်တိတ်တဖုံ သဏ္ဌာန်မျိုးစုံနဲ့ လက်နက်ချထားသူတွေလည်း တကယ်ပဲမနည်းပါဘူး။ ပတ်မကြီးဖောက်ခွဲဖူးသူတွေများပါတယ်။


ဒီနေရာမှာ ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းတွေဟာ “တတိယအုပ်စု”၊ “တတိယလိုင်း” တကယ်ဟုတ်မဟုတ်ဆိုတာကိုလည်း ပြော ရမယ်ထင်ပါတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေးဒီဘက် ရွေးကောက်ပွဲသမိုင်းမှာ ‘တသီးပုဂ္ဂလ’ ဆိုတဲ့အသုံးအနှုန်းကို လူတိုင်း၊ နားယဉ်၊ မျက်စိယဉ်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပြီး စစ်အေးခေတ်တုန်းက ‘ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှု’ ကိုလည်း သိကြပါတယ်။ အဲဒါတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုပြောနေတဲ့ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ အမည်ခံသက်သက်ဆိုတာကို တွေ့ရပါလိမ့်မယ်။

တတိယအုပ်စု၊ တတိယလိုင်းဆိုတာဟာ သမိုင်းအခြေအနေလိုက်လို့ ပြောင်းလဲနေတာဖြစ်ပါတယ်။ ဖဆပလမကွဲခင် ၁၉၅၂ ရွေးကောက်ပွဲနဲ့ ၁၉၅၆ ရွေးကောက်ပွဲအပြီးမှာ ဖဆပလနဲ့ ပမညတဟာ အဓိကထိပ်ချင်းဆိုင်နေသူတွေ ဖြစ်ပါတယ်။ ကျန်တဲ့ တသီးပုဂ္ဂလဆိုတာတွေက ဒီနှစ်ဖွဲ့နဲ့ ဘယ်လိုမှမပတ်သက်သူတဲ့ တတိယအင်အားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလလည်း ကွဲပြီးတဲ့အခါမှာတော့ သန့်ရှင်းနဲ့တည်မြဲတို့ဟာ အဓိကဆိုင်နေသူတွေဖြစ်ပြီး ပမညတဟာ တတိယအုပ်စုဖြစ်သွားပါတယ်။ ပမညတဟာ အဲဒီနှစ်ဖက်နဲ့ အခြေခံအယူအဆမှာ လုံးဝမတူပါဘူး။

အခုတော့ ဒီလူတွေက သူတို့ကိုယ်သူတို့ နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်းမတူဘူးဆိုတာနဲ့ပဲ “တတိယအုပ်စု” လို့ ခေါ်ရတော့မလိုဖြစ်နေပါတယ်။ တကယ်ကျတော့ တစညလိုဟာကို မေးကြည့်ရင်လည်း သူတို့ဟာ နအဖနဲ့ရော၊ ဒီချုပ်နဲ့ရော မတူဘူး၊ တခြားစီလို့ပဲပြောမှာပါ။ ဒါကြောင့် “နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်းမတူ” ဆိုတာကို စံလို့ပြောလို့မဖြစ်ပါဘူး။ ဒီတော့ တဆက်တည်း မေးသင့်တာက ဒီ “တတိယအုပ်စု” ၊ “တတိယလိုင်း” သမားတွေဟာ သူတို့ကိုယ်သူတို့ နအဖနဲ့မတူပါဘူးလို့ ဘယ်နေရာမှာ၊ ဘယ်လိုမတူတာလဲလို့ တိတိကျကျပြောဖူးသလဲ ဆိုတာပါပဲ။ ပြည်သူလူထုက ကြားနေရတဲ့ သူတို့ပါးစပ်က စကားတွေကတော့ နအဖကိုထောက်ခံနေတာချည့်ပါပဲ။ နအဖနဲ့ မတူတာရယ်လို့ စကားဦးလေးသန်းပြတာတောင် မကြားဖူးပါဘူး။

တခါ အယူအဆသဘောအရပြောရရင်လည်း ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ အဓိကကွဲနေတာက နအဖရဲ့ဖွဲ့စည်းပုံနဲ့ရွေးကောက် ပွဲတို့အပေါ် သဘောထားတဲ့ ကိစ္စမှာဖြစ်ပါတယ်။ ဒီအဓိကပြဿနာကြီးမှာ သူတို့ဟာ နအဖနဲ့ တသားတည်းဖြစ်ရုံမက ပိုတောင်ကဲနေကြပါတယ်။ နအဖရဲ့ဖွဲ့စည်းပုံကို နောင်မှာပြင်သွားကြတာပေါ့ ဆိုတာမျိုးတောင် မပြောဝံ့တဲ့လူတွေဖြစ်ပါတယ်။ တချိန်က ဗမာပြည် နိုင်ငံရေးဇာတ်ခုံပေါ်က တသီးပုဂ္ဂလဆိုတာဟာ တကယ့်တသီးပုဂ္ဂလတွေဖြစ်တာမို့လို့ ဖဆပလလို အာဏာရအဖွဲ့ဟာ သူတို့ချင်း ကွဲပြဲတာအပါ နိုင်ငံရေးပြဿနာကြီးတွေ၊ အကျဉ်းအကျပ်တွေနဲ့ ကြုံတွေ့လာရတိုင်း ဒီတသီးပုဂ္ဂလတွေကို စည်းရုံးခဲ့၊ ကိုယ့်ကိုထောက်ခံအောင် လုံးပန်းခဲ့ရပါတယ်။ အဲဒါနဲ့ပြောင်းပြန် အခုဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေကတော့ တကယ်လို့ နအဖအစိုးရမှာသာ အကျဉ်းအကျပ်နဲ့ ကြုံရရင် အရင်ဆုံးထိုးကျွေးတာ ခံရဖို့ ရှိပါတယ်။ တကယ်ကဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ နအဖမိုးလေဝသ၊ တနည်းအားဖြင့် ဗိုလ်သန်းရွှေရဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ရပ်တည်လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ နအဖ ဒါရိုက်လုပ်သမျှ လိုက်လုပ်ရသူတွေ ဖြစ်ပါတယ်။ နအဖက ပေါ်စေဆိုလို့ ပေါ်ပေါက်လာတာဖြစ်ပြီး တချိန်မှာ နအဖကပျောက်စေဆိုရင်လည်း ရုတ်ခြည်းပျောက်ကွယ်သွားမှာသာဖြစ်ပါတယ်။

နအဖရဲ့ တရားဝင်မီဒီယာတွေမှာ အခုထက်ထိ ဒီအဖွဲ့တွေ၊ ဒီလူတွေနဲ့ ဒီအယူအဆ၊ ဒီအပြောအဆိုတွေအကြောင်း ဘာမှ မပြောတာကို သတိထားမိကြမယ်ထင်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြာမကြာကြုံတွေ့ရလေ့ရှိတဲ့ ကပ်ဖားရပ်ဖားတွေကို သခင်က သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်တွေအတိုင်း တသဝေမတိမ်း တွေ့ရတာသာဖြစ်ပါတယ်။ မဆလလက်ထက်မှာ သခင်စိုးဟာ ထောင်ထဲကနေရော၊ ထောင်ပြင်ကနေပါ စစ်အုပ်စုအုပ်စိုးမှုကိုရော၊ မဆလသဘောတရားကိုပါ ထောက်ခံတဲ့စာတမ်းတွေကို သဘောတရားလုပ်ပြီး ဗိုလ်နေဝင်းဆီကို ရေးပို့ပါတယ်။ နောက်ဆုံးတော့ အဲဒီစာတွေဟာ ထောက်လှမ်းရေးအတွက် အသုံးချစရာသာဖြစ်ခဲ့ပြီး ဗိုလ်နေဝင်းက မျက်စောင်းတောင် ထိုးမကြည့်ခဲ့ဘူးဆိုတာကို သတိထားကြသင့်ပါတယ်။

ဒါနဲ့များ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ “တတိယအုပ်စု”၊ “တတိယလိုင်း” လို့ မသူတော် (၇) ပါးလို ကိုယ့်အကြောင်းကိုယ် ဖော်နေကြတာလဲလို့ မေးလာရင် အဖြေကသိပ်ရှင်းပါတယ်။ တချက် နအဖက အဲဒီလိုပြောစေချင်မှန်း သိလို့ဖြစ်ပါတယ်။ သူတို့အဖို့ နအဖဗိုလ်ချုပ်တွေ ကျေနပ်အောင်လုပ်ရေးဟာ အဓိကဆိုတာကိုမမေ့သင့်ပါဘူး။ နောက်တချက်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲရချင်လို့ ဖြစ်ပါတယ်။ ဒီချုပ်နဲ့ တသားတည်းဆိုရင် နအဖကအမှုန့်ကြိတ်ပစ်မှာ၊ နအဖနဲ့ တသားတည်းဆိုရင် မဲမရမှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဗုံမဟုတ်၊ ပတ်မဟုတ်ဖြစ်ပါကြောင်း ပြောနေတာဖြစ်ပါတယ်။ သူတို့ခမျာ ရွေးကောက်ပွဲကတဆင့် သူတို့အကျိုးရှိမယ်လို့ တကယ်ကို ယုံကြည်နေရှာကြတာပါ။

ဒါပေမယ့် လူသားချင်းစာနာတတ်သူများကတော့ သူတို့တတွေ ဒီလိုလုပ်နေလို့ သူတို့ရဲ့ဇာတ်သိမ်းမကောင်းနိုင်ဘူး၊ သူတို့ကို နအဖဗိုလ်ချုပ်တွေက ဒီတပွဲ၊ ဒီတကွေ့အတွက်သာ အသုံးချတာဖြစ်တယ်ဆိုတာကို သတိပေးကြရပါမယ်။

Friday, December 18, 2009

ဖာပွန်မြို့ဗုံးပေါက်ကွဲမှု ကေအဲန်ယူလက်ချက်ဟု နအဖထုတ်ပြန်


ဒီဇင်ဘာလ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်မြို့၌ ဒီဇင်ဘာလ ၁၆ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူးနေ့ပွဲတော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု နအဖမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ဦးသေဆုံးပြီး အမျိုးသား ၁၀ဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါမိုင်းထောင်သူမှာ ဖာပွန်နှင့် နယ်စပ်ဒေသကြားတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်ယူအဖွဲ့မှ ဖြစ်ကြောင်း နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

သို့သော် ဗုံးပေါက်ကွဲမှုသည် ၎င်းတို့နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အပြင် ယင်းသို့လုပ်ဆောင်ရန်လည်း မည်သည့်ညွှန်ကြားမှု တစုံတရာမှမရှိကြောင်း ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်မဟာ (၅)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ် ဒိုက ပြောသည်။

သူက “ဗုံးပေါက်ကွဲတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။ ဘယ်လိုပုံစံနဲ့ စတင်ပေါက်ကွဲခဲ့သလဲဆိုတာ ကျနော်တို့မသိဘူး။ အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ အောက်ခြေတပ်ရင်း၊ တပ်ခွဲတွေကို လှမ်းမေးကြည့်တော့ ဘယ်သူမှလည်း သွားလုပ်တာ မရှိသလို ကျနော်တို့ဘက်က သွားပြီးလုပ်ပါလို့လည်း ဘာညွန်ကြားမှုမျိုးမှ ကျနော်တို့မှာ မရှိပါဘူး။ အခုဖြစ်တာက နအဖရဲ့ အုပ်ချုပ်မှုဂွင်မှာဆိုတော့ စဉ်းစားစရာတခုတော့ ဖြစ်တာပေါ့နော်”ဟု ကေအိုင်စီကို ပြောသည်။

ထိုနေ့ည ၉နာရီ ၁၀မိနစ်ခန့်တွင် ပွဲတော်အတွင်းရှိ အ၀တ်အထည်များနှင့် ကလေးကစားစရာ ပစ္စည်းများ ရောင်းချသည့် ဈေး ဆိုင်တန်းမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိုနေရာတွင် အနက် ၁လက်မ၊ အချင်း ၉လက်မခန့်ရှိ မြေကျင်းတကျင်း ဖြစ်ပေါ်ခဲ့ ကြောင်း ဈေးဆိုင်တန်း ၀ါးလုံးများ၌ အချင်း ၅မီလီမီတာခန့်ရှိ သံမဏိဘောစေ့များကို တွေ့ရှိရကြောင်း၊ မိုင်းထောင်သူအား ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။


ကရင်လူငယ်တဦးဖြစ်သူ စောဆာထီးကော်က “အမှန်ဆိုရင် ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ဘယ်ကရင်အဖွဲ့အစည်းကမှလည်း ကိုယ့်နှစ်သစ်ကူးကို ပျက်လိုပျက်စီး လုပ်ချင်မှာမဟုတ်ဘူး။ ဒီအလုပ်မျိုးက နအဖတွေပဲ လုပ်လေ့ရှိတာပါ။ အရင်ကလည်း ရန် ကုန်လိုမြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖန်တီးနေပြီး တခါမှ တရားခံ ဖမ်းမမိခဲ့ဘူး။ နအဖဟာ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကို တောင် သတ်ဝံ့သေးတာပဲ။ သူ့အတိုက်အခံဖြစ်တဲ့ ကေအဲန်ယူကို အခုလို ရွေးကောက်ပွဲ နီးလာတော့ နာမည်ဖျက်တဲ့သဘော လည်း ပါနိုင်တယ်”ဟု ဆက်ပြောသည်။



ကရင်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ တရုတ်နှင့် မွတ်ဆလင်မ်ဘာသာဝင်များ နေထိုင်လျှက်ရှိသည့် အဆိုပါဖာပွန်မြို့ပေါ်တွင် နအဖ စစ် တပ်မှ ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) (၇၇၇)မှ ကဆော ၀ါးတပ်ရင်းတို့ အခြေချလှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်နေ့ကလည်း ဖားအံ-ရွှေဂွန်းသွားလာသည့် ခရီးသည်တင်သင်္ဘောတစင်းအား ကေအဲန်ယူတပ် ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရပိုင်သတင်း များက ဖော်ပြခဲ့သည်။

နောက်ကြည့်မှန်

Min Ko Naing Book Final

ရွေခမောက်

Shwekhamauk 106

ဖြည်းဖြည်းလေး အနှေးယာဉ်ရထား

ဟန်လေး ဧရာဝတီ

အကျဉ်းထောင်ထဲက မွေးနေ့ရှင်

အေးချမ်းမြေ့ ဧရာဝတီ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် သူ၏ ၄၈ နှစ်ပြည့် မွေးနေ့ကိုလည်း အကျဉ်းထောင် ထဲတွင်သာ ကုန်လွန်ခဲ့ရ ပြန်ပြီ။ သူသည် မွေးနေ့ပေါင်း ၄၈ ကြိမ်အနက် ၁၇ ကြိမ်မှာ စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ကျော်လွန် ဖြတ်သမ်းခဲ့ရသူဖြစ်သည်။

ယခုလက်ရှိ သူသည် မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် မိုင်းဆတ် အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည်။

“နှစ် ၂၀ ကာလအတွင်းမှာ သူ့မွေးနေ့ကို အကျဉ်းထောင်ပြင်ပမှာ ကျင်းပခဲ့ရတာဆိုလို့ ၂၀၀၅ ခုနှစ်မှာ တကြိမ်ပဲ ရှိမယ်” ဟု သူနှင့် လုပ်ဖော်ကိုင်ဖက် ဦးဘိုကြည်က ပြောသည်။ ဦးဘိုကြည်သည် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူးဖြစ်သည်။

ကိုကိုကြီး၏ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူ့ညီက ယနေ့ နေအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်ခဲ့သည်။ မိခင်ကော ဘခင်ပါ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ကိုကိုကြီး၏ တဦးတည်းသောညီဖြစ်သူသည် အစ်ကိုကြီးကို အလွန်ဝေးလံသော မိုင်းဆတ် ထောင်တွင် ယခုနှစ် ဖေဖော်ဝါရီလက နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့ရသည်။

“တကယ်တမ်းဆိုရင် ကိုကိုကြီးသာ မကဘူး ၈၈ မျိုးဆက်ခေါင်းဆောင်တွေအားလုံး ခုချိန်မှာ အကျဉ်းထောင်တွေ ထဲမှာ ရှိနေရမှာ မဟုတ်ဘူး၊ အစိုးရအဖွဲ့အစည်း အသီးသီးမှာ တာဝန်ထမ်းဆောင်နေရမှာပါ” ဟု ဦးဘိုကြည်က ဆိုသည်။

ဝေဖန်သုံးသပ်သူများကလည်း ကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံးမှာ ယခုအချိန်တွင် အကျဉ်းထောင်များထဲတွင် ရှိမနေသင့်ဘဲ အစိုးရ ခေါင်းဆောင်ပိုင်းနေရာတွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သင့်သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့် အသက် မတိမ်းမယိမ်း ဖြစ်ကြသော မကြာသေးခင်က နိုဗဲလ် ငြိမ်းချမ်းရေးဆု ရယူခဲ့သည့် အမေရိကန်သမ္မတအိုဘားမားနှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝတို့က ကမ္ဘာ့တာဝန်၊ ဒေသတွင်းနိုင်ငံများ၏ တာဝန်၊ တိုင်းပြည်တာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေကြသောကြောင့် ဖြစ်သည်ဟု နှိုင်းယှဉ်ကြသည်။

ဦးဘိုကြည်က “ကိုမင်းကိုနိုင်ဆိုရင် လူထုကိုစည်းရုံးတဲ့နေရာ၊ စကားပြောတဲ့နေရာမှာ သိပ်တော်တယ်။ ကိုကိုကြီးကျတော့ နိုင်ငံရေးအရ စဉ်းစားတာ၊ ဥပဒေကြောင်းအရ ပြောဆိုတာတွေမှာ အင်မတန်ကောင်းတယ်။ ကိုကိုကြီးပဲဖြစ်ဖြစ်၊ ကိုမင်းကိုနိုင်ပဲ ဖြစ်ဖြစ်၊ ကိုဌေးကြွယ်ပဲဖြစ်ဖြစ် တကယ့်ကို တိုင်းပြည်ကို ခေါင်းဆောင်နိုင်တဲ့သူတွေပါ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ၈၈ မျိုးဆက် ခေါင်းဆောင်များအားလုံး အကျဉ်းထောင်များထဲတွင် နှစ်ရှည် ထောင်ဒဏ် ခံစားနေရ ခြင်းမှာ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုကြီးတခု ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ၈၈ မျိုးဆက်ခေါင်းဆောင်များ အားလုံးတွင် အားသာချက် အားနည်းချက်များ ရှိနေပြီး ၎င်းတို့၏ အားသာချက်များကို စုစည်းကာ ပေါင်းစပ် လုပ်ကိုင်သောအခါတွင် အားကောင်းသည့် အင်အားစုတခု ဖြစ်ပေါ်လာသောကြောင့် စစ်အစိုးရက ထိတ်လန့်သည်အထိ ဖြစ်ရသည်ဟု သုံးသပ်သည်။


၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုကြီး နောက်ပိုင်းကာလ ကတည်းက စတင်ရေတွက်မည်ဆိုလျှင် ကိုကိုကြီးသည် ၁၉၈၉ ခုနှစ် ဧပြီလတွင် တကြိမ်အဖမ်းအဆီးခံခဲ့ရကာ ၄၄ ရက်ကြာထိန်းသိမ်းခံခဲ့ရသည်။ ၎င်းနောက် ၁၉၉၁ တွင် ထပ်မံ အထိန်းသိမ်း ခံခဲ့ရပြန်သည်။ ထိုတကြိမ် အဖမ်းခံခဲ့ရပြီးနောက်တွင်တော့ ၂၀၀၅ ခုနှစ်မှ ပြန်လည်လွတ်မြောက်ခွင့် ရခဲ့သည်။

ထို့နောက် ၂၀၀၆ စက်တင်ဘာမှ ၂၀၀၇ ဇန်နဝါရီလအထိ အကျဉ်းထောင်ထဲတွင် နေရပြန်သည်။ ၂၀၀၇ သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ တခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များနှင့်အတူ အဖမ်းအဆီးခံခဲ့ရပြန်သည်။ စစ်အစိုးရက ကိုကိုကြီးအပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ကိုကိုကြီး၏ မွေးနေ့ပွဲ အထိမ်းအမှတ်အနေနှင့် AAPP က ၎င်းအင်တာနက် စာမျက်နှာပေါ်တွင် ၂၀၀၆ ခုနှစ်က ကိုကိုကြီး အဖမ်းအဆီး မခံရခင် ပြောခဲ့သော အမှတ်တရ စကားများနှင့်အတူ ကိုကိုကြီး၏ အတ္ထုပ္ပတ္တိ၊ ကိုကိုကြီးကိုယ်တိုင် ရေးသား ထားသည့် “လားရာ” အမည်ရှိ ဝတ္ထုတိုတပုဒ်ကို တင်ထားသည်။

ကိုကိုကြီး၏ ဝတ္ထုတိုမှာ ၎င်း၏ အမေနှင့်ပတ်သက်၍ ရေးသားထားခြင်းဖြစ်သည်။ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ မွေးနေ့ဟု ဆိုလိုက်လျှင် မွေးသမိခင်ကို အရင်ဆုံးသတိရ၊ ဂါရဝ ပြုမြဲဖြစ်သည်။ ကိုကိုကြီး၏ မိခင်ကတော့ ဒီမိုကရေစီအရေးကို ဆောင်ရွက်ရင်း စစ်အစိုးရအကျဉ်းထောင်ထဲတွင် နှစ်ရှည် အကျဉ်းကျခံနေရသည့် သားကြီးကို ထားရစ်ကာ ကွယ်လွန်ခဲ့ပြီ။

“ကိုကိုကြီးက သူ့အမေအကြောင်းတော့ အမြဲပြောတယ်။ ငယ်ငယ်ကလေးဘဝက အထုပ်အပိုးတွေ ရွက်လာရတဲ့ အမေကို ကြိုချင်လို့ အိမ်ထဲအထိ ရောက်နေတဲ့ အမေကို ခပ်လှမ်းလှမ်းပြန်သွားခိုင်းပြီး အထုပ်အပိုးတွေ ကူထမ်းပေးတဲ့အကြောင်းပေါ့” ဟု ကိုကိုကြီးနှင့်အတူ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ကာလ ရှည်ကြာစွာ နေထိုင်ခဲ့ဖူးသူ တဦးက ဆိုသည်။

ကိုကိုကြီးသည် ဗုဒ္ဓဘာသာကို အလွန်သက်ဝင်ယုံကြည်သူဖြစ်ကြာင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍ အလွန်စိတ်အား ထက်သန်သူ ဖြစ်ကြောင်း၊ ငယ်ရွယ်သူ လူငယ်များကို နေရာပေး ဆွေးနွေးတတ်ကြောင်း၊ နိုင်ငံရေး အမြင်မတူသူများနှင့်လည်း အငြင်းမပွား တတ်ကြောင်း သူက ပြောပြသည်။

ဆက်လက်၍ သူက “သူက စည်းစနစ်လည်း အရမ်းကျတယ်၊ စည်းကမ်းအရမ်းရှိသလို ကျနော်တို့ကိုလည်း စည်းကမ်းရှိဖို့ ဆုံးမတယ်။ ထမင်းစားတာကအစ ဘယ်တော့မှ မပိုစေရဘူး၊ သူ ဝမယ် ထင်သလောက်ပဲ ယူတယ်။ ကိုကိုကြီးရဲ့ ဆုံးမ ပြောဆိုမှုတွေ၊ လမ်းညွှန်မှုတွေက အခုထိ ကျနော့်အပေါ် လွှမ်းမိုးဆဲပါ၊ သူက ကျနော့်ရဲ့ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တဦးပါ” ဟုပြောသည်။

ကိုကိုကြီးသည် ၁၉၈၃ ခုနှစ်တွင် အင်ဂျင်နီယာ ဒီပလိုမာ (AGTI ) ရရှိခဲ့သည်။ ၁၉၈၄၊ ၈၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာ ဆက်ဆံရေးပညာ ပထမအသုတ်တွင် တက်ရောက် သင်ကြားခဲ့သည်။ ၁၉၈၆ တွင် အထက်တန်းရှေ့နေ စာမေးပွဲကို အခြေခံဥပဒေဘာသာရပ် ဂုဏ်ထူးဖြင့်အောင်မြင်သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

“ကျနော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ၊ ဒါ ကျနော်တို့ ထပ်ခါတလဲလဲ လည်း ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ၅၄ သန်းသော ပြည်သူတွေရဲ့လူနေမှုဘဝတွေ ဒီ လူ့အဖွဲ့အစည်းကြီး တခုလုံးပြောင်းလဲပစ်ဖို့ ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေဆိုတာ လောက်နဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ကြာ လိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး” ဟု ၂၀၀၆ ခုနှစ်အတွင်းက ကိုကိုကြီးက ပြောခဲ့ကြောင်း AAPP ဝက်ဘ်ဆိုက်တွင် တင်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က “ဒီလိုအခြေအနေမှာ ကိုကိုကြီးတို့လို လူမျိုးတွေ ရှိနေရင် လုပ်ရကိုင်ရတာ ပိုကောင်းမယ်။ လူထုကိုကော အဖွဲ့အစည်းတွေကိုပါ ခေါင်းဆောင်မှုပေးနိုင်မယ်၊ အခုတော့ ခေါင်းဆောင် ပျောက်နေသလိုပဲ” ဟု ပြောသည်။

“သူက တကယ့် နိုင်ငံရေးခေါင်းဆောင်၊ သူအမြဲစဉ်းစားနေတာက မြန်မာနိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲ ဖြစ်အောင် လုပ်ဖို့၊ မြန်မာနိုင်ငံရဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးက အရေးကြီးတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်တဲ့သူ၊ တိုင်းရင်းသားအရေးက တိုင်းပြည်ပြောင်းလဲရေးအတွက် အဓိကကျတယ်လို့ အမြဲစဉ်းစားတဲ့သူ။ အဖမ်းခံရမှာ ကြိုသိပေမယ့် ကမူးရှူးထိုး ဘယ်တော့မှမဖြစ်ဘဲ ဘာကိုမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တဲ့သူ” ဟု ၁၉၈၈ အရေးတော်ပုံ ကာလက ကိုကိုကြီးနှင့် အနီးကပ်နေခဲ့ဖူးသူ ဦးဘိုကြည်က ပြောပြသည်။

Wednesday, December 16, 2009

ဦးအောင်ရွှေ၊ဦးလွန်းတင်နှင့် ဦးလွင် တို့၏ ကိုယ်ရေးရာဇဝင်

မဇ္မျိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 16 ရက် 2009 ခုနှစ် 17 နာရီ 42 မိနစ်

ဦးအောင်ရွှေ (အငြိမ်းစား ဗိုလ်မှူးချုပ်)

ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။ အဖွဲ့ဝင်၊

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ။

အဖ ဦးဖိုးကွန်း၊ အမိ ဒေါ်သိန်းတို့မှ ၁၉၁၈ ခု၊ မေလ (၁၉) ရက်တွင် ဖွားမြင်သည်။ ၁၉၄၀ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ရသည်။ ၁၉၄၂-၄၅ ခုများတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော်တို့တွင် ပါဝင်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန် ဖက်ဆစ်ကို တော်လှန်ခဲ့သည်။

၁၉၄၅ ခုနှစ်မှစ၍ တပ်မတော်(ကြည်း)တွင် ကိုယ်ပိုင်အမှတ် ၃၅၀၅ ဖြင့် ဗိုလ်ကြီးအဆင့်မှစ၍ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ကကစစ်တွင် ဦးစီးအရာရှိ (တတိယတန်း)၊ တပ်မဟာ (၈) တွင် ဦးစီးဗိုလ်ကြီး (ရေး)၊ တပခ၌ ဦးစီးဗိုလ်ကြီး (ထောက်)၊ ဗိုလ်မှူးအဆင့်ဖြင့် တပခတွင် ဒုလက်ထောက် စစ်ထောက်ချုပ်၊ တပ်မဟာ(၂)၌ လက်ထောက် စစ်ရေးချုပ်/လက်ထောက် စစ်ထောက်ချုပ်၊ ၁၉၅ဝ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ထောက်ချုပ်၊ ၁၉၅၁ ခုနှစ်တွင် တပ်မဟာ(၅) တပ်မဟာမှူး၊ ၁၉၅၅ ခုနှစ်တွင် မပထ တိုင်းမှူး၊ ၁၉၅၇ ခုနှစ်တွင် မပခတွင် တိုင်းမှူး ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရသည်။

၁၉၅၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့အတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ‘ရွေးကောက်ပွဲ၌ ဘက်လိုက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့်’ ဟုဆိုကာ ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ရာထူးခန့်ထားရေး အဖွဲ့ အစည်းအဝေးမှ ဗိုလ်မှူးချုပ်အောင်ရွှေအား တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့်ပြုခဲ့သည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် သြစတြေးလျ (နယူးဇီလန်ပါ ပူးတွဲ၍)၊ အီဂျစ်၊ ပြင်သစ် (စပိန်နှင့် ယူနက်စကိုအဖွဲ့တို့ပါ ပူးတွဲ၍)၊ ၁၉၇၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

၁၉၈ဝ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမအဆင့် ချီးမြှင့်ခြင်းခံခဲ့ရသည်။

မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့တွင် ဗဟိုဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အထွေထွေအတွင်းရေးမှူး၊ ဦးအောင်ရွှေမှာ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက် ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။

ဇနီးမှာ ဒေါ်တင်တင်ရွှေဖြစ်ပြီး သားသမီးများမှာ ဦးအောင်သန်းရွှေ၊ ဦးသန်းဖေရွှေ၊ ဒေါ်ယုဇနရွှေ၊ ဒေါ်မဉ္ဇူရွှေ၊ ဦးအောင်မြင့်ရွှေနှင့် ဒေါ်စံပယ်ရွှေတို့ဖြစ်သည်။



ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား)

အတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ အဖွဲ့ဝင်၊

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ။

၁၉၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွား သည်။ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့တွင် သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့မျိုးချစ်တပ်မတော် (PBF) တို့တွင် ပါဝင်ခဲ့သည်။ BDA ပထမအပါတ် ဗိုလ်သင်တန်းဆင်း၊ ဂျပန်ပြည် ဘုရင့်တပ်မတော် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ် သည်။ ၁၉၄၆ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာပြီး ၁၉၄၆-၅၈ ခုနှစ်တွင် သနက(၅)၊ အမှတ် (၇) ခြေလျင် တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ(၁ဝ၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်း ဆောင်ခဲ့သည်။

၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ အဆင့်မြင့် စစ်သင်တန်းများကို အင်္ဂလန်ပြည် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သံမှူး (အမေရိကန် ပြည်ထောင် စု)၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူး၊ ၁၉၆၄ ခုနှစ်တွင် ရတခ တိုင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၇၁ တွင် တပ်မတော်မှ ပြန်တမ်းဝင်အရာရှိ အလုပ်ဝတ္တရားများကို ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်၊ ၁၉၇၇ ခုနှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်မခံတော့ဘဲ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးမှ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အနားယူခဲ့သည်။
လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်း သိမ်းခံရပြီးနောက် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အလုပ်အမှု ဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာက ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၂ဝဝ၃ ခုနှစ်၊ မေ ၃ဝ ဒီပဲယင်း အရေးအခင်းကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဇနီးမှာ ဒေါ်တင်တင်မလေးဖြစ်ပြီး သမီး ဒေါ်စုစုလွင်၊ သား ဦးကျော်ဆန်းလွင်တို့ ထွန်းကားခဲ့ သည်။
............................................................................................................................................

ဦးလွန်းတင် (ဗိုလ်မှူးကြီးလွန်းတင် - အငြိမ်းစား)

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ အဖွဲ့ဝင်၊

ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ။

မော်လမြိုင်မြို့နယ်၊ ကော့နှပ်ရွာ ဇာတိဖြစ်သည်။ မွန်အမျိုးသား၊ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အဖ ဦးထွန်းလင်း၊ အမိ ဒေါ်သိန်းမေတို့မှ ၁၉၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၂၈ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ မြောင်းမြမြို့၊ ABM အမျိုးသမီးအလယ်တန်းကျောင်း၊ ၁၉၃၂ မှ ၁၉၄၁ ခုနှစ်အထိ မြောင်းမြမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ဆယ်တန်း အောင်မြင်သည် အထိ ပညာသင်ကြားခဲ့၍ ၁၉၄၁-၄၂ ခုနှစ်၊ စစ်ဖြစ်ချိန်တွင် ဥပစာ အောက်တန်းအထိ ရန်ကုန် ယူနီဗာစီတီကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော(BIA)တွင် အခြားအဆင့်ဖြင့် (၁၊ ၂၊ ၁၉၄၂)ရက်နေ့မှ (၁၆၊ ၃၊ ၁၉၄၂)ရက်နေ့အထိ၊ ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)တွင် အရာရှိအဆင့်ဖြင့် (၂၇၊ ၇၊ ၁၉၄၂)ရက်နေ့မှ (၂၆၊ ၃၊ ၁၉၄၅)ရက်နေ့အထိ၊ မျိုးချစ်ဗမာ့တပ်မတော်(PBF)တွင် အရာရှိအဆင့်ဖြင့် (၂၇၊ ၃၊ ၁၉၄၅)ရက်နေ့မှ (၃၁၊ ၁၂၊ ၁၉၄၅) ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ခုနှစ်၊ ဖေဖေါ်ဝါရလ ၁ ရက်နေ့တွင် ကန္ဒီစာချုပ်အရ ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့သည်။ သနက(၅)တွင် တပ်ရင်းမှူးအဖြစ် (၁၁၊ ၆၊ ၁၉၅၃)ရက်နေ့မှ (၂၊ ၁ဝ၊ ၁၉၅၃)ရက်နေ့အထိ၊ ခလရ(၂၂)တွင် တပ်ရင်းမှူးအဖြစ် (၃၊ ၁ဝ၊ ၁၉၅၃)ရက်နေ့မှ (၂၈၊ ၇၊ ၁၉၅၅)ရက်နေ့အထိ၊ ခလရ(၁၄)တွင် တပ်ရင်းမှူးအဖြစ် (၃ဝ၊ ၃၊ ၁၉၅၇)မှ (၁၈၊ ၁၁၊ ၁၉၅၈)ရက်နေ့အထိ၊ အမှတ် (၁၁)တပ်မဟာဌာနချုပ်တွင် ယာယီတပ်မဟာမှူးအဖြစ် (၁၉၊ ၁၁၊ ၁၉၅၈)ရက်နေ့မှ (၁၉၊ ၅၊ ၁၉၅၉)ရက်နေ့အထိ၊ အမှတ်(၁)တပ်မဟာဌာနချုပ်တွင် ယာယီ တပ်မဟာမှူးအဖြစ် (၂၅၊ ၅၊ ၁၉၅၉)မှ (၁၆၊ ၈၊ ၁၉၆၁)ရက်နေ့အထိ၊ အမှတ်(၇) တပ်မဟာ ဌာနချုပ်တွင် တပ်မဟာမှူးအဖြစ် (၁၇၊ ၈၊ ၁၉၆၁)မှ (၁၅၊ ၂၊ ၁၉၆၃)ရက်နေ့အထိ၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် (၁၆၊ ၂၊ ၁၉၆၃)ရက်နေ့မှ (၂၉၊ ၄၊ ၁၉၆၅) ရက်နေ့အထိ၊ (၂၉၊ ၄၊ ၁၉၆၅)ရက်နေ့မှစ၍ က-က-ချုပ်(ကြည်း)သို့ တွဲဖက်တာဝန်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ဆောင်ရွက်နေစဉ် ဘုန်းကြီးအရေးအခင်း၌ ပါဝင်ပတ်သက်မှုဖြင့် (၁၊ ၉၊ ၁၉၆၅)ရက်နေ့မှ (၂၇၊ ၁၁၊ ၁၉၆၇) ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားချက်အမှတ် (၁/၆၄)၊ အပိုဒ် (၆-၁)အရ (၂၅၊ ၁၊ ၁၉၆၈) ရက် နေ့မှစ၍ စစ်မှုထမ်းဆောင်ခြင်းမှ ရပ်စဲခံခဲ့ရ၍ ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အမှတ်(၁) စက်မှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ အလုပ်သမားဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အလုပ်သမားဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင် ရွက်ခဲ့သည်။

ပြန်တမ်းဝင် တပ်မတော်အရာရှိအမှတ်(ကြည်း-၃၆၁၈)ဖြစ်သည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီတွင် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် ၃၄ ဖြင့် (၅၊ ၇၊ ၁၉၆၂) ရက်နေ့တွင် တော်လှန်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ တင်းပြည့်ပါတီဝင်လည်း ဖြစ်ခဲ့သည်။

လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီ၊ ဇေယျကျော်ထင်၊ သီဟဗလ တံဆိပ်တို့အပါအဝင် ဆုတံဆိပ် (၇)ခု ရရှိခဲ့သည်။
၁၉၈၈ ခုနှစ်၊ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တပ်မှူးဟောင်းများအဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ သည်။ ထို့နောက် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဗဟိုအလုပ်အမှုဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးနှင့် မွန်ပြည်နယ် စည်းရုံးရေးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
(၂၆၊ ၃၊ ၁၉၉၁) ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ (၉၊ ၁ဝ၊ ၁၉၉၆)ရက်နေ့တွင် အသစ်ပြန် လည်ဖွဲ့စည်းခဲ့သည့် NLD ဗဟိုကော်မတီ၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မွန်ပြည်နယ် တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

(၁၆၊ ၉၊ ၁၉၉၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ (၃ဝ၊ ၅၊ ၂ဝဝ၃)ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီး ဖြစ်ပွားအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံခဲ့ရပြီး (၂၄၊ ၁၁၊ ၂ဝဝ၃) ရက်နေ့တွင် ပြန်လွတ်သည်။

(၉၊ ၁၊ ၁၉၅၁) ရက်နေ့တွင် ဒေါ်သန်းကြည်နှင့် လက်ထပ်ခဲ့ပြီး သမီး ဒေါ်လဲ့လဲ့တင်၊ ဒေါ်အိအိတင်၊ သား ဦးသန်းလှနှင့် ဦးမင်းအောင်တို့အပါအဝင် သားလေးယောက်၊ သမီးနှစ်ယောက် ထွန်းကားခဲ့ သည်။